အေးစက်နေတဲ့လက်နှစ်ဖက်ကိုအချင်းချင်းဆုပ်နယ်နေရင်း သူ မေမေ့မျက်နှာကိုမော့
ကြည့်လိုက်မိသည်။ အေးစက်ခက်ထန်နေတဲ့မေမေ့ရဲ့အကြည့်တွေက သူ့ကျောရိုးထဲစိမ့်ကနဲဖြစ်သွားရသည်ထက်ပင်ပိုနေသေးသည်။
တင်းတင်းစေ့ထားတဲ့ မေမေ့နှုတ်ခမ်းတွေက
ထပ်မံထွက်ပေါ်လာမယ့်အမိန့်သံကို သူ နာခံ
စွာစောင့်နေတဲ့ အချိန်မှာပဲ...
' ရိပ် ဒီနေ့ဘာအမှားလုပ်ခဲ့လဲသ်ိလား '
' သူငယ်ချင်းရဲ့ အရုပ်ကိုမတော်တဆဖျက်
ဆီးမိလို့ပါ မေမေ '
' မှားတယ် '
ခပ်ပြတ်ပြတ်ထွက်ပေါ်လာတဲ့ အလိုမကျသံကြောင့် သူ့တစ်ကိုယ်လုံးဆတ်ကနဲ တုန်သွားခဲ့ရပြီး နောက်တစ်ကြိမ်စဉ်းစားကာ မဝံ့မရဲအဖြေရှာမိပြန်သည်။
' သတိ မထားမိပဲ နမော်နမဲ့နိုင်လို့ '
' မဟုတ်သေးဘူး '
' .... '
သူ တကယ်ပဲဘာအမှားလုပ်ခဲ့မိလဲစဥ်းစားမရတော့ပါ။ ကျောင်းမှာသူငယ်ချင်းနဲ့အတူကစားရင်း အရုပ်တစ်ခုကို မတော်တဆပျက်စီးစေခဲ့မိပေမယ့်ဒါကဘာကြောင့်
အဲ့လောက်အထိအပြစ်ကြီးသွားလဲဆိုတာ သူ မသိ.....
တကယ်ဆို မေမေ နဲ့ ဖေဖေ က အပြိုင်အဆိုင်ကို ချမ်းသာကြွယ်ဝတဲ့မျိုးရိုးကိုယ်စီကဆင်း
သက်လာကြတာဖြစ်ပြီးသူတို့ရဲ့တစ်ဦးတည်း
သောသားဖြစ်တဲ့ အရိပ် ကလဲ မွေးကတည်း
က ရွှေလင်ဗန်းနဲ့အချင်းဆေးပြီး ရွေပုံပေါ်မှာကြီးပြင်းလာခဲ့ရသည်ပဲမဟုတ်လား....
ဒီအရုပ်လေးတစ်ရုပ်ကို ပျက်စီးစေမိတာကို မေမေ ဘာကြောင့် ဒီလောက်အထိစိတ်ဆိုးနေတာကို အရိပ်နားမလည်နိုင်ပါ....
' ရိပ် အပြစ်က မေမေ့ကို အရှက်ရစေတာပဲ
ဒေါ်ခတ္တာရိပ် ရဲ့သားက အရုပ်တွေကြိုက်တဲ့
ပုံပဲ ကျွန်မသား အရုပ်လေးတောင်ယူကစား
ရင်း မတော်တဆဖျက်ဆီးမိသွားသေးတယ်
ကလေးကို အရုပ်လေးဘာလေးဝယ်ပေးပြီး
ကစားခိုင်းပါဦးတဲ့.... ရိပ် ပြော မင်းကို မိဘ
တွေကမပြည့်စုံအောင်ထားလား '
ВЫ ЧИТАЕТЕ
အချစ်ရိပ် ရပ်ဝန်းငယ် ( Complete )