သားသားကို အိမ်စာကူလုပ်ပေးရင်း ရပ်ဝန်း
နံရံကနာရီကိုတစ်ချက်လှမ်းကြည့်လိုက်တော့ည၈နာရီပင်ထိုးတော့မည်။ဆိုင်အပြင်ဘက်ကိုလှမ်းကြည့်တော့ မိုးစက်လေးတွေကျနေတာမို့ သူမသက်ပြင်းတစ်ချက်ခပ်လေးလေးချလိုက်ရင်း ....
" သားသား ကိုယ်လက်သန့်စင်ပြီး နားလိုက်တော့နော် မေ ဆိုင်ပိတ်ပြီးတက်လာခဲ့မယ်"
" ဟုတ်ကဲ့မေမေ သား အခန်းထဲမှာ TV ခဏလောက်ကြည့်မယ်နော် "
ရပ်ဝန်းခေါင်းညိတ်ပြလိုက်တော့ သူ့ပစ္စည်းလေးတွေကိုအမြန်သိမ်းပြီး ပျော်ရွှင်သွက်
လက်စွာပြေးထွက်သွားတဲ့သားငယ်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။
နေ့ခင်းက အန်တီလေးပြန်သွားပြီးကတည်း
က င်ိုင်တွေနေတဲ့ ရပ်ဝန်းကို ဘာတစ်ခုမှ မေး
မြန်းပြောဆိုခြင်းမရှိပဲ တိတ်တဆိတ်ထွက်ခွာသွားတဲ့ သူက အခုည၈နာရီအထိပြန်ရောက်မလာခဲ့သေးဘူးမဟုတ်လား ....
ပုံမှန်ဆိုရပ်ဝန်းက ဆိုင်ကို၈နာရီ သို့မဟုတ်
၈ နာရီခွဲလောက်မှာပိတ်လေ့ရှိသော်လဲ အခုသူက ဘာမှမမှာသွားတာမို့ တံခါးပိတ်လိုက်ရမလား ဖွင့်ပြီးစောင့်နေပေးရမှာလားမသ်ိ။ ဖုန်းဆက်မေးရအောင်လဲ ရပ်ဝန်းမှာ သူ့ဖုန်းနံပါတ်ကမရှိနေ ..…..
ဘာလုပ်ရမှန်းမသိတာနဲ့ ရပ်ဝန်း ထိုင်တွေးနေ
မိတာ ပြန်သတိဝင်လာတော့ ၈နာရီခွဲပြီးဖြစ်
နေပြီမို့ ဆိုင်တံခါးက်ိုပိတ်ပြီး အပေါ်ထပ်ကို
တက်လာခဲ့လိုက်တော့သည်။
***********************************
" သခင်လေး သောက်တာများနေပြီ "
" သွားစမ်း "
ခွမ်း!
အရိပ်လက်ထဲက ဖန်ခွက်ကိုလှမ်းယူရင်းတား
လိုက်တဲ့ ဦးဇော်ကို ဒေါသတကြီး ပိတ်အော်ရင်း လက်ထဲကဖန်ခွက်လေးကို အခန်းနံရံဆီပစ်ပေါက်လိုက်မိတော့သည်။
အရိပ်စိတ်တွေ အရမ်းကိုရှုပ်ထွေးနေခဲ့တာ
ကြောင့် ခပ်ပြင်းပြင်းအရက်တွေကို တစ်ခွက်
ပြီးတစ်ခွက်မော့ချနေမိတာ အချိန်တွေဘယ်
လောက်ကုန်သွားပြီလဲတောင် သတိမပြုမိခဲ့ပါ...
ВЫ ЧИТАЕТЕ
အချစ်ရိပ် ရပ်ဝန်းငယ် ( Complete )