" ဟယ် "
လက်ထဲမှာဆွဲလာတဲ့ ကျွတ်ကျွတ်အိတ်ကကွဲသွားတာမို့ဝယ်လာခဲ့တဲ့ခရမ်းချဥ်သီးတစ်ချို့က လမ်းမပေါ် အလုအယက်ပြေးဆင်းကုန်ကြတာမို့ ရပ်ဝန်းအခက်တွေ့ရတော့သည်။
ပတ်တီးစည်းထားတဲ့လက်တစ်ဖက်က ပိုက်
ဆံအိတ်ကိုပြောင်းကိုင်လိုက်ပြီး လက်ထဲကတခြားပစ္စည်းတွေကို ကိုင်ရင်းထိုလက်နဲ့ပဲ ပြုတ်ကျသွားတဲ့ခရမ်းချဥ်သီးတွေကို တစ်
လုံးချင်းလိုက်ကောက်နေရတာမို့ အဆင်တော့သိပ်မပြေလှ ...
" အစ်မ "
ရုတ်တရက် အရှေ့မှာပိတ်ရပ်ပြီးလှမ်းခေါ်လိုက်တဲ့ လူတစ်ယောက်ကြောင့် ရပ်ဝန်း ကြောင်စီစီဖြစ်သွားရသည်။ သူမ မရင်းနှီးတဲ့ မျက်နှာစိမ်းတစ်ယောက်မဟုတ်ပါလား ....
" ကျွန်တော့်ကို မမှတ်မိဘူးလား အစ်မ ကားတိုက်မိတဲ့နေ့က ဆရာဝန်လေ ဒါတွေ ကျွန်တော်လုပ်ပေးထားတာ "
ထိုအမျိုးသားက အပြုံးနဲ့နှုတ်ဆက်ကာ ရပ်ဝန်း လက်ကပတ်တီးကို လက်ညှိုးညွှန်ပြရင်း ဖော်ရွေစွာဆိုလာတော့မှ ရပ်ဝန်းသဘောပေါက်သွားရပြီး ...
" သြော် ဆရာလေးလား ဆောရီးပါရှင် ရပ်ဝန်း တကယ်မမှတ်မိလိုက်ဘူး အဲ့ဒီ့နေ့ကလဲ သတိကသိပ်မကပ်တော့လေ "
" ရပါတယ်ဗျ ကျွန်တော်ကစိတ်ပူနေတာ အဲ့ဒီနေ့ကရုတ်တရက်ကြီးပျောက်သွားတယ်လေ နောက်ရက်ချိန်းတောင်မပေးလိုက်သေးဘူးဆေးတွေလဲမပါဘူးမဟုတ်လား သက်ရောသက်သာရဲ့လားဗျ "
" ဟုတ် ဟုတ် သက်သာပါတယ် ဆရာလေး
ဒါဆို ကျွန်မကို ခွင့်ပြုပါဦးနော် "
ရပ်ဝန်းကို စိုးရိမ်တကြီးလာနှုတ်ဆက်တဲ့ ဒေါက်တာလေးကိုအားနာပေမယ့်လဲ အခုရောက်နေတဲ့နေရာက ရပ်ကွက်ထိပ်နားကစျေးကလေးဖြစ်တာမို့ ရပ်ဝန်းတ်ို့ရပ်ကွက်ထဲကလူအများစုရှိနေတတ်ကြသည်လေ။
တစ်ချို့ကစူးစမ်းသလိုကြည့်နေကြတာမို့ အမြန်ဆုံးစကားစဖြတ်ပြီး ထိုနေရာက မပြေးရုံတမယ်ခြေလှမ်းများနဲ့ထွက်လာခဲ့လိုက်မိသည်။ ပါတ်၀န်းကျင်ရဲ့ မျက်လုံးတွေနဲ့ ဝေဖန်စကားသံတွေကို ရပ်၀န်း အလွန်ကြောက်ပါသည်။
KAMU SEDANG MEMBACA
အချစ်ရိပ် ရပ်ဝန်းငယ် ( Complete )