2009 ခုနှစ်.....
ဝေလီဝေလင်းမနက်လေးနာရီလောက်ကတည်းက စက်ဘီးကိုယ်စီနဲ့ထွက်လာခဲ့ကြသော ရပ်ဝန်း နဲ့ နှင်းနှင်း က မြို့အနောက်ဘက်ပိုင်းက သီရိမျိုးထွန်း နဲ့ မြတ်လေးငုံ ကို
သွားနှိုးပြီးမှ ကျောင်းရှေ့ကိုအုပ်စုလိုက်ချီတက်လာခဲ့လိုက်ကြသည်။ဇောကိုယ်စီနဲ့မို့ မောရကောင်းမှန်းလဲမသိကြတော့ပါ...
" ဟယ် လူတွေအများကြီး ရောက်နေကြပြီ
တော် "စိတ်ပျက်လက်ပျက်ညည်းညူလိုက်တဲ့ သီရီကို ကြည့်ပြီးကျန်နှစ်ယောက်က စက်ဘီးသော့ခတ်ကာ လူအုပ်ရှိရာအပြေးတပိုင်းတိုးသွားကြပေမယ့် ရပ်ဝန်း အခုထိ စက်ဘီးဒေါက်မထောက်ရသေးပါ။
" ဟယ် ဝန်းငယ်ရေ အမြန်လုပ်ပါဟ ဟိုကောင်မနှစ်ယောက်ကို အမြှီးတောင်မမြင်ရ
တော့ဘူး "" အေးပါ အေးပါ ပြီးပါပြီဟယ် လာလာ "
လောလော လောလောနဲ့ တတွတ်တွတ်ပြောနေတဲ့ နှင်းနှင်းလက်ကိုဆွဲပြီး ရပ်ဝန်းလဲလူအုပ်ကြားထဲ တိုးဝင်ခဲ့သည်။
**********
အား! !
လေးယောက်သားခေါင်းချင်းဆိုင်ရင်းအော်ကာ ခုန်ပေါက်နေမိကြတော့ သည်းကြီးမဲကြီးရှေ့ကိုသာတိုးနေကြတဲ့လူအုပ်ကြီးဆီက မကျေမနပ် ရေရွတ်သံတစ်ချို့ပျံ့လွင့်လာခဲ့သည်။
" နောက်ဆုံးတော့ ဝဋ်ကျွတ်ပြီ အောင်ပြီ
ရေး "" ငါလဲအောင်ပြီ "
" ငါလဲ အောင်ပြီတော် "
" ငါရောပဲ "
စက်ဘီးတွေတန်းစီထိုးရပ်ထားတဲ့ ဘေးကမြက်ခင်းပြင်ပေါ်မှာ ခပ်ကုပ်ကုပ်လေးထိုင်နေတဲ့ ရပ်ဝန်းက မပွင့်တပွင့်ပြောတော့ ကျန်သုံးယောက်က မကျေမနပ်ငုံ့ကြည့်လာကြရင်း...
" ဟဲ့ နင်ကဘာဖြစ်နေတာလဲ စိတ်မပါလက်မပါနဲ့ "
" အေးလေ "
" ငါ ခြေထောက်တွေရပ်ထားလို့မရအောင်ကို ပျော်နေလို့ပါဟယ် "
" အေးနော် ငါတို့လေးယောက်လုံး အတူတူအောင်ကြတာဆိုတော့ ပျော်စရာကြီး ဒီမှာထိုင်မနေနဲ့ လာ ငါတို့အတူတူမုန့်သွားစားကြမယ် "
CZYTASZ
အချစ်ရိပ် ရပ်ဝန်းငယ် ( Complete )