တစ်ဆယ့်ကိုး

6.2K 191 1
                                        

" ပင်ပန်းနေပြီလား ရပ်၀န်း ... "

အိပ်ပျော်နေတဲ့သားသားကို ကားနောက်ခန်းထဲ ပွေ့ထည့်ပေးပြီးမှ ကားမောင်းသူနေရာမှာ
ဝင်ထိုင်ရင်းရပ်ဝန်းငယ်ကို နူးညံ့ကြင်နာစွာမေးလာတဲ့အရိပ်...

" မပင်ပန်းပါဘူး ပုံမှန်လုပ်နေကျအလုပ်တွေ ပဲဟာ ရပ်ဝန်းက အဆင်ပြေပါတယ် ရှင်ရော အလုပ်မှာအဆင်ပြေခဲ့ရဲ့လား  ရိပ် ..."

" အင်း  ကိုယ် အဆင်ပြေပါတယ် "

ကားလေးကိုကျင်လည်စွာမောင်းထွက်ရင်း ဖြေလိုက်တဲ့အရိပ် အဖြေကအတန်ငယ် မောဟိုက်လေးပင်နေခဲ့တာကို ရပ်ဝန်း ခံစားမိလိုက်တာကြောင့် ဘာမေးခွန်းမှထပ်မထုတ်
မိလိုက်တော့ပါ....

အရိပ်ကလဲ အိမ်ပြန်ရောက်တဲ့အထိကို
တစ်လမ်းလုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့တာ
ကြောင့် ရပ်ဝန်းအနည်းငယ်စိတ်ပူမိသည်ကတော့အမှန်ပင်...

" ကိုယ် သားသားကို အခန်းထဲသွားပို့ပေးလိုက်မယ်နော် "

ရပ်ဝန်းဘာမှမပြောနိုင်ခင်မှာ ကားစက်သတ်ပြီး ကားပေါ်ကနေ ဆင်းသွားတဲ့အရိပ်က နောက်ခန်းမှာအိပ်ပျော်နေတဲ့ သားသားကိုပွေ့ချီပြီး အခန်းဆီတက်သွားတော့သည်။

ကားထဲမှာကျန်ခဲ့တဲ့ ပစ္စည်းတွေကိုယူပြီးမှ ရပ်ဝန်း ခပ်ဖြည်းဖြည်းလှေကားထစ်တွေကို
ကျော်ဖြတ်ရင်းတက်လာခဲ့လိုက်ကာ အရိပ်
ဘာဖြစ်နေလဲဆိုတာကိုစဥ်းစားနေမိသည်။

ရပ်ဝန်း အတွေးလွန်နေတာလားမသိပေမယ့်
အရိပ် သူမကိုစိတ်ဆိုးနေတယ်လို့ဘာကြောင့်များခံစားနေမိရတာပါလိမ့်...

ဘာကြောင့်လဲ....

သူအလုပ်ပင်ပန်းနေလို့လား...

မဟုတ်ရင် အဆင်မပြေတဲ့စိတ်ရှုပ်စရာတစ်ခု
ခုများရှိနေလို့လား....

မဟုတ်ရင် သူပင်ပန်းနေတဲ့ကြားကမနားရပဲ
ရပ်ဝန်းတို့သားအမိကို လာကြိုပေးရလို့ စိတရှုပ်နေတာများလား....

" အိုး အမေ့.... ရှင် "

" မင်း လမ်းလျှောက်တာဘာလို့အဲ့လောက်ကြာနေရတာလဲ ရပ်ဝန်းငယ် "

အတွေးလွန်နေတဲ့ရပ်ဝန်းတစ်ယောက် ရုတ်တရက် ပွေ့ချီခံလိုက်ရပြီးလေထဲမြောက်တက်သွားတာမို့ အထိတ်တလန့်အော်လိုက်မိ
တော့ အရိပ်က သူမကို သွားစေ့ကာခပ်ကျိတ်
ကျိတ်ပြောရင်း ကျန်ရှိနေတဲ့လှေကားထစ်
တွေကို ခပ်မြန်မြန်လှမ်းတက်လာတာမို့ သူမ
အလန့်တကြားနဲ့ အရိပ်ပခုံးကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်မိသည်။ သူ ဘာလို့ နောက်တစ်ခေါက်ပြန်ဆင်းလာရတာလဲ ....

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) Dove le storie prendono vita. Scoprilo ora