" ကိုယ်တို့ လက်ထပ်ကြမယ် ရပ်၀န်းငယ် "
" ဟင် "
ရပ်ဝန်းငယ်နားကြားမှားသွားသလားပင်ထင်လိုက်မိတာမို့ ရုတ်တရက်လှည့်ကြည့်လိုက်တော့ ကိုယ်တစ်ပိုင်းပဲကြယ်သီးတပ်ရသေးတဲ့ ရှပ်အင်္ကျီရင်ဘတ်ဟပြဲနဲ့ ခါးထောက်ရင်း
ရပ်နေတဲ့သူ့ကိုမြင်ပြီး မျက်နှာကို ပြန်လွှဲလိုက်မိရင်း ...
" ရှင် ... အရင်ထွက်သွားပေးပါ "
" ကိုယ်ပြောတာနားထောင်ပါ ရပ်ဝန်း ကိုယ်တို့ လက်ထပ်ကြမယ် အခုအဲ့ဒီနည်းလမ်းအပြင်မရှိဘူးနော် "
" ရပ်ဝန်းကိစ္စကိုရပ်ဝန်းဘာသာဖြေရှင်းပါမယ် ရှင်ထွက်သွားပေးပါ "
" ရော့ အင်္ကျီအရင်ဝတ်လိုက်ဦး "
" ရှင် ထွက်သွား "
ကြမ်းပြင်ပေါ်ကျနေတဲ့ ရပ်ဝန်းအင်္ကျီကို ကောက်ပေးရင်း သူက ခပ်အေးအေးပြောလိုက်တော့ ရပ်ဝန်းငယ်က ကိုယ်ပေါ်ကစောင်
လေးကို လည်ပင်းနားအထိ တင်းနေအောင်ဆွဲထားရင်း အော်ဟစ်မောင်းထုတ်လိုက်မိ
သည်။
" ရပ်ဝန်းငယ် "
အရိပ်မြင်ရတဲ့ သူမရဲ့မျက်လုံးတွေထဲမှာ အဓိပ္ပါယ်ဖော်လို့မရတဲ့ အရိပ်အယောင်များ
စွာရှိနေတာကိုအရိပ်သတိထားမိပါသည်။ သူမ အရိပ်ကို မုန်းချင်နေလိမ့်မည်။ သူမ
အရိပ်ကို အပြစ်တင်ချင်နေလိမ့်မည်။
ဒါပေမယ့် အရိပ်ဒါကိုတကယ်ပဲဂရုမစိုက်နိုင်ပါ။ အခုအရိပ်လိုချင်တဲ့စကားက သူမဆီက
လက်ထပ်ဖို့ သဘောတူညီမှု ....
" ကိုယ်ပြောမယ်နားထောင်နော် ရပ်ဝန်းငယ် အခုမင်းအောက်ကိုဆင်းသွားပြီပဲထား မင်းအဖေ မင်းအမေနဲ့အဒေါ်ကို မင်း ဘယ်လိုရှင်းပြမလဲ ဘယ်လိုပြောမလဲ "
အရိပ် စကားကြောင့် သူမရဲ့အကြည့်စူးစူး
တွေက ဒိုင်းကနဲ ရောက်လာခဲ့ပြီး ...
" အဲ့လိုဖြစ်အောင် ရှင်ပဲဖန်တီးလိုက်တာမဟုတ်လား ရပ်ဝန်းရှင့်ကို ယုံကြည်ထားခဲ့မိတာ ဘယ်လိုများလုပ်ရက်နိုင်တာလဲ ဒီလိုရှက်ဖို့ကောင်းတဲ့ကိစ္စမျိုးကို "
" ကိုယ်... ကိုယ် မင်းအတွက်ပါ ရပ်ဝန်းငယ် "
" ရပ်ဝန်းအတွက်လား ဟင်း ဟင်း ရှင်ပြောလိုက်တာရပ်ဝန်းအတွက်တဲ့လား ရပ်ဝန်းယုံကြည်မှုကိုအခွင့်အရေးယူပြီး ရပ်ဝန်းအရှက်နဲ့သိက္ခာကို အခုလိုရစရာမရှိအောင်ဖျက်စီးပစ်လိုက်တာက ရပ်ဝန်းအတွက်တဲ့လား"
ВЫ ЧИТАЕТЕ
အချစ်ရိပ် ရပ်ဝန်းငယ် ( Complete )