" ရပ်ဝန်းငယ် "
အရိပ်ရေချိုးခန်းကထွက်လာတော့ သူမအခန်းထဲမှာရှိမနေတော့ပါ။ဗီရိုထဲက တီရှပ်တစ်ထည်ကိုခပ်မြန်မြန်ထုတ်ယူလိုက်ကာ ခေါင်းကနေစွပ်ချလိုက်ပြီး သားသားအခန်းဆီကူးလာခဲ့လိုက်တော့ သူ ထင်ထားတဲ့အတိုင်းပဲ ကုတင်ပေါ်မှာ သားသားနဲ့အတူ
အိပ်ပျော်နေခဲ့ပြီဖြစ်တဲ့သူမ ......
" ဟက် "
အရိပ် တစ်ချက်ရယ်လိုက်ပြီး ခပ်ဖြည်းဖြည်း
အနားတိုးကပ်သွားလိုက်ရင်း ကိုယ်ကိုကိုင်းညွှတ်ကာ သူမနားနားလေးတိုးကပ်လိုက်ပြီးမှ .....
" ရပ်ဝန်းငယ် "
သူမ နိုးမလာခဲ့ပေမယ့် သားသားကတော့
အနည်းငယ်လူးလွန့်လှုပ်ရှားလာခဲ့တာမို့ အရိပ် ထပ်မနှိုးနေတော့ပဲ အိပ်မောကျနေတဲ့သားအမိနှစ်ယောက်ကို စောင်လေးယူခြုံပေးလိုက်ပြီးမှ ရပ်ဝန်းငယ် နဖူးလေးကိုခပ်ဖွဖွနမ်းလိုက်ရင်း .......
" ဒီညက ကိုယ်တို့မင်္ဂလာဦးညလေကွာ ... အရူးမလေး "
သူ ..... မချိပြုံးပြုံးကာ ခပ်တိုးတိုးရေရွတ်ရင်း အခန်းမီးကိုပိတ်ပေးခဲ့လိုက်ပြီး ထိုအခန်းထဲကပြန်ထွက်လာခဲ့လိုက်တော့သည်။ နှစ်
ခြိုက်စွာအိပ်ပျော်နေတဲ့သားအမိတွေကတော့
အိမ်မက်ကမ္ဘာထဲပျော်ရွှင်နေကြလေမလားပင်မသိ။
အရိပ်ရည်ရွယ်ချက်က ရပ်ဝန်းငယ်နဲ့ သားသားကို စောင့်ရှောက်ပေးနိုင်ဖို့ပဲ။အခု အရိပ် ရည်ရွယ်ထားတဲ့အတိုင်းအကုန်ဖြစ်လာပြီမို့
ဒီလောက်နဲ့ပဲ စိတ်ကျေနပ်ထားရတော့မှာပေါ့လေ။ဘာတတ်နိုင်ပါ့မလဲ ....
ရပ်ဝန်းငယ်အတွက်လဲ အချိန် အတိုင်းအတာတစ်ခုတော့ လိုအပ်ဦးမှာပေါ့ .....
အရိပ်ကို လက်ခံလာနိုင်မယ့် အချိန်တစ်ခု .....
မိသားစု အသစ်တစ်ခုတည်ဆောက်ဖို့ အသင့်ဖြစ်တဲ့အချိန်တစ်ခု .....
အရိပ် စောင့်ရမည်မဟုတ်ပါလား။ စိတ်ရှည်လက်ရှည်နဲ့ပေါ့ .....
***********************************
" ဟောဗျာ ဒီသားအမိကအစောကြီးနိုးနေပါလား ..... မောနင်းပါဗျာ ... "
ВЫ ЧИТАЕТЕ
အချစ်ရိပ် ရပ်ဝန်းငယ် ( Complete )