အပိုင်း ( ကိုး )

6.1K 192 4
                                        

" အား မေမေ ဟားဟားဟား "

အရိပ်အိပ်ခန်းထဲကထွက်လာပြီး အနောက်ဘက်လျှောက်လာတော့ ရေချိုးခန်းထဲကကလေးငယ်ရဲ့ ရယ်သံကြောင့် ဘာရယ်မဟုတ် လှမ်းကြည့်လိုက်မိသည်။

ဇလုံတစ်ခုထဲမှာ အဝတ်တွေကိုဆပ်ပြာရည်
စိမ်ထားပြီး လက်တစ်ဖက်နဲ့ ဆပ်ပြာရည်တွေကိုမွှေနှောက်ရင်း ဆပ်ပြာပူဖောင်းလေးအ
ဖြစ်မှုတ်လိုက်ပြီး ကလေးငယ်ဆီကို လေနဲ့
မှုတ်ထုတ်လိုက်ရင်း သူမက နှစ်ခြိုက်စွာ
ပြုံးရယ်နေခဲ့သည်လေ။

လက်တစ်ဖက်ဒဏ်ရာနဲ့ မိခင်ဖြစ်သူကို အဝတ်ကူလျှော်ပေးနေတဲ့ ကလေးငယ်က ရပ်ဝန်းငယ် ကစားတာကိုပြန်တားယူနေရပေမယ့် တကယ်တော့သူလဲအတော်လေးသဘောကျနေပုံရသည်။

အရိပ်ရှေ့က လှုပ်ရှားမှုပုံရိပ်လေးတွေဟာ
သာမာန်ပင်ဖြစ်သော်ငြား အရိပ် မျက်လုံးမလွှဲတမ်းကြည့်နေရင်းထပ်ပြုံးမိပြန်သည်။

" ဒီလိုလေးပဲ အမြဲပြုံးနေရင် ကောင်းမှာပဲ "

" ရှင် ဘာလိုချင်လို့လဲ "

လွှတ်ကနဲ အရိပ်စကားသံထွက်သွားမိတော့
ရေချိုးခန်းဝမှာရပ်နေတဲ့ အရိပ်ကို သူမ သတိ
ထားမိသွားပြီး ခပ်တည်တည်လှမ်းမေးလာကာ မလုံမလဲဖြစ်သွားသည်။

ခန္ဓာကိုယ်တစ်ဝက်လောက်က ရေတွေစိုနေတာမို့ သူမအဝတ်အစားတွေကအသားနဲ့ကပ်ပြီးခန္ဓာကိုယ်နဲ့ တစ်သားတည်းရှိနေတာကိုအရိပ် သတိထားမိသွားပေမယ့် သူမလောက်တော့ ပြာယာခတ်မသွား ......

" ရေချိုးချင်လို့ "

" ရပ်ဝန်း ဒီအဝတ်လေးတွေ လျှော်ပြီးရင် ဖယ်ပေးမယ်နော် အိမ်ရှေ့မှာသွားစောင့်နေပေးပါ "

သူမတောင်းဆိုမှုကြောင့် အရိပ် လှည့်ထွက်ခဲ့လိုက်သည်။ ရပ်၀န်းငယ် တစ်ခုခုပြောတဲ့အခါ အမိန့်သံမပါပါပဲ သူ့ကိုနားထောင်စေသည့်ဆွဲအားတစ်ခုရှိနေခဲ့တာတော့အမှန်ပင်။
သူမက တစ်ခုခုတောင်းဆိုသည့်အခါ ကလေးငယ်တစ်ယောက်ကို ချော့ပြောနေသလိုမျိုးလေး လေသံအေးအေးဖြင့် ပြောတတ်တာကြောင့်ဖြစ်လိမ့်မည်ဟု ထင်သည်။

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) Место, где живут истории. Откройте их для себя