အပိုင်း ( လေး )

7.1K 228 0
                                        

" ဒီအခန်းတော့ မရဘူး "

အခန်းဝမှာခန္ဓာကိုယ်ကို ပိတ်ရပ်ရင်း ဒဏ်ရာမရှိတဲ့လက်တစ်ဖက်ကိုကားပြီး တားဆီးထားတဲ့ သူမ ကိုကြည့်ရင်းအရ်ိပ် ပြုံးလိုက်မိပြီး...

" ကိုယ်ကပိုင်ရှင်လေ က်ိုယ်နေချင်တဲ့အခန်းမှာနေမှာပေါ့ မင်းဆီကဘာလို့ခွင့်ပြုချက်တောင်းနေရမှာလဲ "

" ရှင်ကပိုင်ရှင်ဆိုပေမယ့်လဲ ရပ်ဝန်းကငှားထားတာလေ အခုလိုရုတ်တရက်ကြီးပေါ်လာပြီး အတင်းဝင်လာနေလို့ဘယ်ဖြစ်မလဲ "

" ဘာလို့မဖြစ်ရမှာလဲ "

" ပါတ်ဝန်းကျင်အမြင်မသင့်ဘူးလေ ရှင်ဒီလောက်တော့နားလည်မှပေါ့ "

ခပ်တွေးတွေးလေးပြောရင်း မသိမသာ အသံ
လေးတိမ်ဝင်သွားတဲ့ သူမစကားကြောင့် သူမဘာတွေးနေလဲဆိုတာ အရိပ်တွေးလို့ရသွားခဲ့သည်။

" ဒါဆို အပေါ်ထပ်မှာ မင်းတို့နဲ့အတူလိုက်နေရမှာလား "

" အပေါ်ထပ်မှာက အိပ်ခန်းတစ်ခန်းပဲရှိတာ ဘယ်လိုလုပ်အတူနေလို့ဖြစ်မှာလဲ "

" အဲ့ဒါကြောင့် ဒီအခန်းကိုယူမယ်လို့ပြောတာလေ "

သူမက စဥ်းစားလိုက်ငြင်းဆန်လိုက်နဲ့ဗျာများ
နေပုံရပေမယ့် အရိပ်ကတော့ သူမကိုစနောက်ရင်း ပိုလို့တောင်ပျော်ရွှင်လာရသေးသည်။

စကားတစ်ခွန်းပြောလိုက်တိုင်း မျက်လုံးဝိုင်းဝိုင်းတွေကို လည်နေအောင်စဥ်းစားပြီးမှတွေး
တွေးဆဆနဲ့ပြန်ပြောနေပုံက အပြင်ပန်းကကြည့်ရင် တည်ငြိမ်ရင့်ကျက်တဲ့မိန်းကလေးပုံစံနဲ့ဘာမှမဆိုင်အောင်ကို ကလေးငယ်တစ်ယောက်နဲ့တူလှသည်။

ဘာကြောင့်မှန်းမသိ အရိပ် မျက်လုံးထဲမှာ သူမရဲ့ အဲ့လိုပုံစံလေးကို ကြည့်ရင်း စ,နောက်နေရတာကို အူမြူးနေမိသည်။

" ဒါနဲ့ ရှင်ကဘာလို့ဒီနေရာသေးသေးလေးမှာလာကပ်နေမှာလဲ ဒီနေရာကိုရှင်ဝယ်လိုက်တယ်ပဲထား လက်ရှိငှားနေတဲ့သူက ရပ်ဝန်းလေ ရပ်ဝန်းသဘောမတူရင် ရှင်လာနေလို့မရနိုင်ဘူး "

" ဒါဆိုမင်းဆုံးဖြတ်လေ "

" ဘာ ဘာကိုလဲ "

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) Onde histórias criam vida. Descubra agora