နှစ်ဆယ့်ငါး ( ဇာတ်သိမ်းပိုင်း)

11.2K 175 15
                                    

" ရိပ်.... "

တိုးဖျော့ဖျော့အသံနဲ့ ခပ်ဖွဖွသူမခေါ်လာတော့ သူမလက်ဖဝါးလေးကိုဆုပ်ကိုင်ကာ နဖူးနဲ့အပ်ပြီး မျက်လုံးတွေမှိတ်ထားမိတဲ့ အရိပ် လှုပ်ရှားသွားရသည်။

မျက်နှာတစ်ပြင်လုံးသာမက နှုတ်ခမ်းတွေပါ
ဖြူလျော်နေတဲ့သူမက အရိပ် ကို အားတုံ့
အားနာကြည့်ရင်း ပြုံးပြတော့ သူ ဟန်မဆောင်နိုင်ပဲ သူမလက်ကလေးကို နှုတ်ခမ်းမှာအပ်ကာ အသံတိတ်မျက်ရည်ကျမိသည်။

" ကိုယ် မင်းကို ဆုံးရှုံးလိုက်ရပြီလို့ ထင်နေတာ "

" မ ငိုပါနဲ့ ရိပ်..  ရပ်ဝန်း တောင်းပန်ပါတယ် "

မျက်နှာအောက်ချပြီး တောင်းပန်စကားဆိုလာတဲ့သူမကို အရိပ် ခေါင်းခါပြရင်း သူမနဖူးထက်ကဆံနွယ်တွေကို တယုတယသပ်တင်ပေးလိုက်ကာ...

" မင်းကို ကိုယ် အပြစ်မတင်ပါဘူး ရပ်ဝန်းငယ်...  မင်းမှာ နာကျင်စရာတွေရှိတာကို ကိုယ်သိပါတယ် ကိုယ် မင်းကို ဘာဖိအားမှမပေးချင်ဘူး မပေးရက်ဘူး...  ဒါ ပေမယ့်လေ.... "

အရိပ်က ခြောက်သွေ့နေတဲ့ သူ့နှုတ်ခမ်းတွေကို လျှာနဲ့တစ်ချက်သပ်ပြီး ရပ်ဝန်းငယ် လက်ကောက်ဝတ်ပေါ်က ပတ်တီးဖြူဖြူလေးကို ခပ်ဖွဖွထိတွေ့ရင်း....

" မင်းမှာ အခက်အခဲတွေရှိတဲ့အခါ ကိုယ့်ကိုမျှဝေပေးပါ ရပ်ဝန်းငယ်..... မင်းမှာ ပြဿနာတွေကြုံလာတဲ့အခါ ကိုယ့်ကို အတူ ဖြေရှင်း
ခွင့်ပေးပါ... မင်းကို ကာကွယ်ခွင့် ပေးပါ ရပ်ဝန်းငယ် နောက်တစ်ခါ ဒီလို အန္တရာယ်များတဲ့ လုပ်ရပ်မျိုးကို စိတ်ကူးနဲ့တောင်မလုပ်ပါနဲ့ နော်.... "

" ..... "

" ကိုယ့်ကို ကတိပေးနိုင်မလား ရပ်ဝန်းငယ် "

" မင်းကို ဆုံးရှုံးလိုက်ရရင် ကိုယ်ဘယ်လိုဆက်ပြီး ရှင်သန်ရမလဲ ရပ်ဝန်းငယ်.... သားသား ရော.... ကိုယ်တို့သားကို မင်း မတွေးတော့ဘူးလား.... "

" ကိုယ်တို့သား... ?  "

ငြိမ်သက်တွေဝေနေရာမှ လှုပ်လှုပ်ရှားရှား
ဖြစ်သွားခဲ့ရသူက ရပ်ဝန်းငယ်.....

နာကျင်ကြေကွဲစွာပြောနေတဲ့ အရိပ် ရဲ့စကားတွေက သူမကိုလဲ ထပ်တူနာကျင်ရစေပါသည်။ သူမရဲ့ ရုတ်တရက် ရူးမိုက်မှုတွေရဲ့
နောက်မှာ သူမကိုယ်တိုင်သာမက ချစ်ရတဲ့သားဖြစ်သူရော ရိပ်ကိုယ်တိုင်ကိုပါ နာကျင်ရ​စေမိသည့်အတွက် ပို၍ နာကျင်ရသည်။

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) Wo Geschichten leben. Entdecke jetzt