အပိုင်း ( ရှစ် )

6.2K 194 6
                                        

နှစ်ခြိုက်စွာအိပ်ပျော်နေရာက အရိပ်ပြန်နိုးလာတော့ ကုတင်ဘေးကခုံလေးမှာထိုင်ရင်းနံရံကိုမှီပြီး အိပ်ငိုက်နေတဲ့သူမကိုအရင်ဆုံးမြင်လိုက်ရသည်။

ကြမ်းပြင်ပေါ်မှာ ရေဇလုံတွေနဲ့ ဆေးထုပ်တွေအပြင် အုပ်ထားတဲ့ကြွေပန်းကန်လုံးတစ်ခုနဲ့ ရေဖန်ခွက်တစ်ခုပါရှိနေခဲ့သေးသည်။

အရိပ်လက်ကနာရီကိုမြှောက်ကြည့်လိုက်တော့ မနက်၃နာရီထိုးတော့မည်။

သူမ အရိပ်ကိုတစ်ညလုံးပြုစုပေးနေခဲ့တာလား...

အရိပ် ဒီလောက်သတိလက်လွတ် နှစ်နှစ်
ခြိုက်ခြိုက်အိပ်ပျော်ဖူးတာ ဒါပထမဆုံးပဲမို့ တစ်ကိုယ်လုံးအားအင်တွေပြည့်နေသလိုခံစားလိုက်ရပြီး စိတ်ထဲမှာလဲကြည်ကြည်
လင်လင်ရှိနေတာမို့ ဘေးကစောင်လေးကိုယူပြီး ကုတင်ပေါ်က ခြေဖွဆင်းလာကာ ရပ်ဝန်း
ကိုယ်ပေါ်လွှမ်းခြုံပေးလိုက်သည်။

ဒုန်း!

အပေါ်ထပ်ဆီက အသံကြောင့်အရိပ် ရပ်ဝန်း
လန့်နိုးသွားမလားစိုးရိမ်ပြီးကြည့်လိုက်မိတော့ သူမက မန်ိုးလာတဲ့အပြင် အနည်းငယ်လူးလွန့်လိုက်ပြီးနောက်မှာ ပိုပြီးတော့တောင် အိပ်မောကျနေဟန်ရှိသည်။

အပေါ်ထပ်အိပ်ခန်းမှာ ကလေးတစ်ယောက်
တည်းဖြစ်နေတာက်ို သတိရလိုက်မိပြီး အရိပ်
အခန်းထဲကထွက်ကာ အပေါ်ထပ်တက်လာခဲ့လိုက်သည်။

ညှောင် ညှောင်!

အဖြူရောင်ကွက်ကြား ကြောင်လေးက အရိပ် ကိုတစ်ချက်ကြည့်ပြီး ဝရန်တာဘက်ကနေပြန်ပြေးထွက်သွားခဲ့သည်။

အပြာရင့်ရောင်အိပ်ယာထ​က်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ကလေးငယ်ကို သေချာစ်ိုက်ကြည့်လိုက်တော့ ကြည့်ရင်း ကြည့်ရင်း ရပ်ဝန်းငယ်နဲ့ တကယ်ကို တူနေတာကြောင့်သူပြုံးလိုက်မိသည်။

" မင်းက တကယ်ပဲ ရပ်ဝန်းငယ် သားလို့မပြောရဘူးကွာ "

ခြေရင်းဘက်မှာလျောကျနေတဲ့စောင်လေးကို ပခုံးနားအထိပြန်ဆွဲတင်ခြုံပေးရင်း ကုတင်ပေါ်က ​ဆင်းမယ်အလုပ်အခန်းဝမှာ ဖြတ်
ကနဲပေါ်လာတဲ့အရိပ်တစ်ခုနဲ့အတူ ချက်ချင်းအခန်းထဲဝင်လာတဲ့သူမက အရိပ်ကိုမြင်တော့ အူတူတူတစ်ချက်ကြည့်ပြီး ရုတ်တရက် ...

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) Where stories live. Discover now