နှစ်ဆယ့်နှစ်

6.7K 180 3
                                        

မူးနောက်ရီဝေစွာနိုးထလာရသောမနက်ခင်း
မှာရပ်ဝန်းမျက်လုံးတွေဖွင့်ဖွင့်ချင်းမှာပဲအဝတ်မဲ့ခန္ဓာကိုယ်နဲ့ ရပ်၀န်းခါးလေးကိုပွေ့ဖက်ပြီးအိပ်စက်နေတဲ့ကိုကြီးကိုမြင်လိုက်ရတာမို့ လေးလံနေတဲ့မျက်လုံး၀ိုင်းတွေဟာပြူးကျယ်သွားခဲ့ရသည်။

ကိုကြီးကို စောင့်စည်းနိုင်တဲ့ယောကျာ်းတစ်
ယောက်လို့ ရပ်၀န်း အတင်တကြီး လေးစားရိုသေခဲ့ဖူးသည်။ အခုရက်ပိုင်းမှာ အခြေ
အနေတွေသိပ်အဆင်မပြေကြခဲ့ပေမယ့်လဲ 
ဒီလောက်အထိဖြစ်လာလိမ့်မယ်လို့ ရပ်ဝန်းမတွေးထင်ထားခဲ့ဖူးပါ...

ကိုကြီးက ရပ်ဝန်းအတွက် အချစ်ဦး ၊ ပထမဆုံး ချစ်သူ ပြီးတော့ ရပ်ဝန်းရဲ့ ပထမဆုံးသောအရာအားလုံးကို အခုလိုမတရားသဖြင့်
သိမ်းပိုက်သွားလိမ့်မည်လို့ ရပ်ဝန်းတစ်ခါမှ
မတွေးခဲ့ဖူးပါ။ ကိုကြီးလုပ်ရပ်ဟာ ရပ်၀န်းအပေါ်ထားတဲ့အချစ်ကြောင့်မဟုတ်ပဲ ကိုကြီး
ရဲ့ အတ္တကြောင့် ဆိုတာကိုသိနေလို့ကို သူမ ပို၀မ်းနည်းရသည်။

ရပ်၀န်း ရဲ့ အချစ်တွေ ယုံကြည်မှုတွေကို သူက အတ္တတရားကိုရှေ့တန်းတင်ပြီး ရိုက်ချိုးဖျက်ဆီးရက်ခဲ့မှတော့ အခု ရပ်ဝန်း ဘာဆက်လုပ်ရတော့မှာလဲ...

အတွေးနဲ့အတူ ရင်ထဲဝမ်းနည်းနာကျင်လာရပြီး ထိန်လန့်တုန်လှုပ်စွာငိုကြွေးရင်း ကုတင်ခြေရင်းကအဝတ်အစားတွေကို ကောက်ယူဖို့လုပ်လိုက်တော့....

ချွှင်!

လှုပ်ခတ်သွားတဲ့ သံကြိုးတစ်ချောင်းက ရပ်ဝန်းခြေထောက်မှ အသံတချွှင်ချွှင်ပေးကာ လှောင်ပြောင်နေခဲ့လေသည်...

ဒါဘာတွေဖြစ်နေတာလဲ...

ဘာတွေဖြစ်နေတာလဲဆိုတာ ရပ်ဝန်းလုံးဝမ
စဥ်းစားနိုင်တော့ပါ ခြေထောက်မှာရှိနေတဲ့သံကြိုးမှ လွတ်မြောက်ရန်အားကုန်သုံးရင်း
ဆွဲနေမိပေမယ့်ရုတ်တရက်အနောက်ဘက်က
နွေးကနဲတင်းကျပ်စွာထွေးပွေ့ခံလိုက်ရမှုနဲ့အတူ....

" ကြိုးစားမနေနဲ့ သော့က ကိုကြီးဆီမှာ ဝန်းလေး ဒါကိုဖြုတ်လို့ရမှာမဟုတ်ဘူး အခုကစပြီး ကိုကြီး အနားမှာပဲ လိမ်လိမ်မာမာနေရ
မယ် "

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) Место, где живут истории. Откройте их для себя