" ရပြီ မျက်လုံးတွေဖွင့်လိုက်တော့ "
အရိပ်ကပြောရင်း ရပ်ဝန်း မျက်လုံးပေါ်အုပ်ထားတဲ့လက်တွေကိုဖယ်ပေးလိုက်တော့
အချိန်အတော်ကြာ ပိတ်ထားရတဲ့မျက်လုံးတွေကိုပြန်ဖွင့်ဖွင့်ချင်း ခဏလောက်ပြာဝေနေပြီးနောက်မှ ပါတ်ဝန်းကျင်ကိုသဲကွဲစွာမြင်လာခဲ့ရသည်။
" ဟင် "
ရပ်ဝန်းငယ် ဆိုင်လေးရဲ့အတွင်းပိုင်းအပြင်အဆင်တွေက ရပ်ဝန်းကိုယ်တိုင်ပင်မမှတ်မိနိုင်ရလောက်အောင်အထိ ဆန်းသစ်ပြင်ဆင်ထားတာမို့ ရပ်ဝန်း ခပ်ဟဟပွင့်ကာ အံ့သြ
သွားတဲ့ နှုတ်ခမ်းတွေကိုလက်ကလေးနှစ်
ဖက်နဲ့ပိတ်အုပ်ကာ ဆွံ့အနေမိသည်။
" ဘယ်လိုလဲ သဘောကျလား "
အရိပ်က ပြုံးရင်းမေးလိုက်တော့ ရပ်ဝန်း ဟန်မဆောင်နိုင်စွာ မျက်ရည်တွေဝေ့ဝဲရင်း ခေါင်းကိုသာတဆတ်ဆတ်ညိတ်ပြလိုက်မိသည်။
ရေပြာရောင် နံရံကပ်စက္ကူတွေကအစ မြက်
ခင်းစိမ်းရောင် ကြမ်းပြင်တွေအထိ အရာအား
လုံးဟာ ရပ်ဝန်း စိတ်ကူးယဥ်ထားခဲ့ရတဲ့ အိမ်
မက်ကမ္ဘာတစ်ခုထဲရောက်သွားသလိုအပြင်
အဆင်မျိုး.....
သို့သော်လဲ ရပ်ဝန်းကိုယ်တိုင်ပြုလုပ်ထားခဲ့တဲ့ Handmade ပစ္စည်းလေးတွေကိုတော့ သူ့အရင်နေရာအတိုင်း အကုန်အစီအရီပြန်လည်ပြင်ဆင်ထားပေးတာကြောင့် ရပ်ဝန်းမှာပိုပြီး ဝမ်းသာဝမ်းနည်းဖြစ်ရပြန်သည်။
ဒီအချိန်လေးအတွင်းမှာ ဒီနေရာကိုတကူး
တကပြန်လည်ပြင်ဆင်ထားရုံသာမကရပ်ဝန်း မြတ်နိုးရတဲ့ အရာတွေအားလုံးကို မူလပုံစံမပျက်ပဲ လှလှပပနေရာချ အစီအရီနေရာချ
ထားပေးပုံက အရိပ်ဘယ်လောက်အထိ ဂရု
တစိုက်ကြိုးစားအားထုတ်ထားရသလဲဆိုတာ မေးကြည့်ရန်ပင်မလိုတော့ပါ ...
" ရှင် ဒီရက်တွေထဲမှာ ဆိုင်ကိုပြန်ပြင်နေရလို့ပင်ပန်းနေတာလား ရပ်ဝန်းကိုတော့မပြောဘူး
ကူညီပေးမှာပေါ့ အတူတူလုပ်တော့အမြန်ပြီးတာကို ..."
" ရပါတယ် မပင်ပန်းပါဘူး ရပ်ဝန်းကြိုက်တယ်ဆိုရင် ရပြီ "
အရိပ် မလုံမလဲပဲစကားစဖြတ်လိုက်ရသည်။
တကယ်တော့ ဆိုင်အတွက်ပြင်ဆင်မှုပုံစံကို
အရိပ်ကိုယ်တိုင် တွေးတောဖန်တီးခဲ့တာမှန်ပေမယ့် တကယ်လုပ်ကိုင်ရတဲ့သူတွေက
ဖေဖေ့ ကုမ္ပဏီကဝန်ထမ်းများသာ.......
ВЫ ЧИТАЕТЕ
အချစ်ရိပ် ရပ်ဝန်းငယ် ( Complete )