သန့်စင်ခန်းထဲမှာ ပေကျံနေတဲ့သွေးစက်တွေကိုရေနဲ့ဆေးချနေရင်း မျက်လုံးတွေကိုမှိတ်ချပစ်လိုက်မိသည်အထိ အရိပ် မြင်ကွင်းထဲကထိုမိန်းကလေးရဲ့ပုံရိပ်က ပျောက်ပျက်မသွားခဲ့ပါ သွေးချင်းချင်းနီပြီးသတိလစ်မေ့မြောနေတဲ့သူမကို အရိပ်က အကြံအဖန်သမားလ်ို့တောင်အထင်မှားမိခဲ့သေးတာလေ....
ပြင်ပလူနာဆောင်မှာပဲ ကုတင်တစ်လုံးပေါ်မှာ အသာအယာလဲလျောင်းနေတဲ့သူမအနားကို သူလျှောက်သွားလိုက်ပြီး ကုသမှုတွေပြုလုပ်နေဆဲဖြစ်တဲ့ ဒေါက်တာကိုအခြေအနေတစ်ချက်မေးလိုက်မိသည်။
" သူ့အခြေအနေ ဘယ်လိုရှိလဲ "
" ခေါင်းကွဲသွားတာက ၃ချက်ချုပ်ထားရတယ် ပြီးတော့ လက်ကျိုးသွားတာမို့ ကျောက်ပတ်တီးစည်းပေးထားတယ် လူနာကအရမ်းအားနည်းနေလို့ အားဆေးသွင်းပေးထားတယ် အရမ်းမစိုးရိမ်ရပါဘူး သတိရလာတော့မှာ ဒါပေမယ့် သူ့လက်က ၆ပါတ် လောက်အနားယူရလိမ့်မယ် ဖြစ်ရဲ့လား သူကဘာလုပ်တဲ့သူလဲ "
" မသိဘူး "
အရိပ်ရဲ့ခပ်ပြတ်ပြတ်အဖြေကြောင့် ဆရာဝန်
က တအံ့တသြပုံနဲ့မော်ကြည့်လာပြီး...." ခင်ဗျားက လူနာရှင်လား "
" မဟုတ်ဘူး "
" ဒါဆို ကားနဲ့တိုက်တဲ့သူက ခင်ဗျားလား "
" သူက ကျွန်တော့်ကားရှေ့ကိုဝင်လာတာ ကျွန်တော်က သွားတိုက်တာမှမဟုတ်တာ "
" ခင်ဗျား စကားကိုဘယ်လိုပြောတာလဲ သူ့ဒဏ်ရာတွေကိုမြင်နေတာတောင် ဒီလိုစကားမျိုးပြောနိုင်သေးလား "
ရုတ်ချည်းဆိုသလိုဒေါသသံစွက်ကာ ပြောလာတဲ့ ထိုဆရာဝန်ကြောင့် အရိပ်ပမာမခန့်ပခုံးတွန့်ပြလိုက်တော့ ထိုဆရာဝန်က အနားကသူနာပြုကိုလှမ်းကြည့်ရင်း...
" အစ်မ သီတာ ရဲစခန်းကိုအကြောင်းကြား
လိုက်ပါ ဒီမှာကားတိုက်ခံရတဲ့လူနာရောက်နေတယ်လို့ တရားခံပါအတူရှိနေတယ်လို့ပြောလိုက် အမြန်ဆုံးလာခဲ့ဖို့သေချာပြော "" ဟုတ် ဟုတ်ကဲ့ ဒေါက်တာ "
" ခဏလောက်ပါဗျာ... ခဏလေးနေပါဦး "
ESTÁS LEYENDO
အချစ်ရိပ် ရပ်ဝန်းငယ် ( Complete )