ကျောင်းပိတ်ရက်ဖြစ်၍ ရှင်းချန်ဂေဟာ ရှိ ကလေးများ ဂေဟာအနောက်ဘက်ရှိ မြစ်လေးတွင် ရေကူးခတ်ကစားနေကြသည်။ ထိုမြစ်လေးက ရေစီးသိပ်မသန်တာကြောင့် အန္တရာယ်တော့မရှိလှ။ ကြီးတဲ့လူက ငယ်တဲ့လူကိုပြန်ထိန်း ငယ်တဲ့လူတွေကလည်း ကြီးတဲ့သူတွေနဲ့ ဝေးသည့်နေရာကို မသွားကြဘဲ နီးနီးနားနားတွင်သာ ဆော့ကစားနေကြခြင်းဖြစ်သည်။
မြစ်ထဲရေကစားနေကြသည့် လူများကြားတွင် ဝမ်ရိပေါ် ရှောင်းကျန့် နှင့် မောရစ်တို့လည်း အပါအဝင်ဖြစ်သည်။ ရှောင်းကျန့်က ဝမ်ရိပေါ် ချွတ်ထားတဲ့ အင်္ကျီလေးကိုယူပြီး တစ်ခါတည်း လျှော်ပေးဖို့ပြင်လိုက်စဉ်....
"ကျန့်ကောဘာလုပ်တာလဲ ကျွန်တော့်ဘာသာ ကျွန်တော်လျှော်မယ်...."
"ရတယ် တိတိ....တိတိက ကောင်းကောင်းလည်း မလျှော်တတ်ဘဲနဲ့ တော်ကြာ အင်္ကျီတွေမပြောင်ဘဲနေဦးမယ်...."
ဝမ်ရိပေါ်က ရှောင်းကျန့် လက်ထဲက သူ့အင်္ကျီလေးကို ပြန်ဆွဲလုလိုက်ပြီး....
"ကိုယ့်ဟာကိုယ်လျှော်မယ်...."
ဝမ်ရိပေါ် ဆပ်ပြာခဲယူပြီး သူ၏ အင်္ကျီလေးကိုခပ်ကြမ်းကြမ်းစတင်တိုက်ချွတ်နေပြီဖြစ်သည်။ မလျှော်တတ်လျှော်တတ်ဖြင့် လျှော်နေပေမယ့် အင်္ကျီကော်လံနေရာလေးရောက်တဲ့ အခါ သူ၏လက်က ဖြည်းညင်းသောနှုန်းဖြင့်ဆပ်ပြာတိုက်လို့နေသည်။အဘယ့်ကြောင့်ဆိုသော် ကော်လံစလေးတွင် အပ်ချည်လေးဖြင့်ထိုးထားသည့် သူ့နာမည်လေးကြောင့်ဖြစ်သည်။
ဂေဟာက ကလေးတွေက များသောအားဖြင့် အပြင်ကလာလှူတန်းတဲ့ အဝတ်အစားတွေဝတ်ရတာများတာကြောင့် တစ်ခါတစ်လေ အင်္ကျီဆင်တူတွေများပြားစွာရှိ၏။ ထို့ကြောင့် ရှောင်းကျန့်က သူ့အင်္ကျီလေးတွေရဲ့ ကော်လံစလေးများတွင် အပ်ချည်လေးတွေဖြင့် နာမည်ထိုးထားတတ်သည့်အကျင့်ရှိသည်။
ထိုနည်းတူ ဝမ်ရိပေါ်၏ အင်္ကျီလေးများတွင်လည်း အထည်တိုင်း နာမည်လေးထိုးထားပေးလေ့ရှိ၏။ မောရစ်ကိုလည်း လုပ်ပေးချင်ပေမယ့် ဝမ်ရိပေါ်က မလိုတာကြောင့် မလုပ်ပေးဖြစ်။
YOU ARE READING
A pair of red shoes by the river
Fanfictionမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....