"ဂေဟာမှူး ဘယ်မှာလဲ ရှင်းချန်ဂေဟာက အကြီးအကဲတွေနဲ့တွေ့ချင်တယ် ထွက်ခဲ့ကြစမ်း...."
မျက်နှာတစ်ခုလုံးဖူးယောင်နေတဲ့ လူရွယ်ဖြစ်သူကိုသက်လတ်ပိုင်းအမျိုးသမီးတစ်ဦးကလက်ကကိုင်ဆွဲလာကာ ရှင်းချန်ဂေဟာရှေ့တွင်အော်ဟစ်သောင်းကျန်းနေသည်။ သူ့အနောက်မှာလည်း ယူနီဖောင်းတွေဝတ်ဆင်ထားတဲ့ နယ်ခံရဲသားတွေကလည်း သုံးယောက်ခန့်ပါလာ၏။
ဂေဟာတစ်ခုလုံးကြားနိုင်တဲ့အသံကြောင့် ဂေဟာအတွင်းမှ ဂေဟာမှူးနှင့်အကြီးအကဲတချို့ထွက်လာ၏။ ကလေးတွေကိုတော့ အထဲမှာသာနေခဲ့ရန်မှာကြားထားသည်။ ဂေဟာကလည်းလူနေရပ်ကွက်တွေနဲ့ဝေးတာကြောင့် ပြင်ပလူတွေကဂေဟာဝန်းထဲဘာတွေဖြစ်ကြမှန်းတော့မသိနိုင်။
ရန်လိုနေတဲ့အမျိုးသမီးအနားသို့ ဂေဟာမှူးကပြာပြာသလဲသွားလိုက်သည်။ အကြောင်းကား သူတို့ရဲ့ဂေဟာကိုထောက်ပံ့ပေးသူတွေထဲကတစ်ယောက်ဖြစ်တာကြောင့်ပင်။
"အမကြီး ဘာဖြစ်လို့လဲခင်ဗျ...."
အောက်ကျို့တဲ့အသံအနေအထားနှင့်မေးမြန်းလိုက်တာကြောင့်နဂိုဒေါသထွက်နေတဲ့ အမျိုးသမီးကပိုလို့မာန်တက်သွားရကာ.....
"အေးပြောမယ်....ဒီဂေဟာက ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးကငါ့သားကို မျက်နှာရစရာမရှိအောင်ထိုးကြိတ်သွားတာ ဒါတစ်ခါလည်းမဟုတ်တော့ဘူးနော် ဒါနဲ့ဆို ဒုတိယမြောက်ဖြစ်နေပြီ ငါဟိုတစ်ခါတည်းကပြောထားပြီးသား နောက်တစ်ခေါက်ထပ်ဖြစ်ရင်တစ်ခါတည်းရဲစခန်းပို့ထောင်ချပစ်မယ်ဆိုတာ...."
ဂေဟာမှူးဆိုသူက ဘာမှပြန်မပြောဘဲ စိတ်ထဲတွင်ပြုံးလိုက်ကာ.....
"ခဏလေးပါ အမကြီး အဲ့ကောင်လေးကို ကျွန်တော်ကျေနပ်အောင်တောင်းပန်ခိုင်းမယ် ပြီးရင်တော့ အမကြီးတို့စိတ်တိုင်းကျဖြစ်စေရမယ်...ကျွန်တော်လည်းဟိုတစ်ခေါက်ကတည်းကသူ့ကိုပြောပြီးသား....ခဏလေးပဲစောင့်နေ...."
ဂေဟာမှူးကလည်းအစကတည်းကဝမ်ရိပေါ်ကိုမျက်မုန်းကျိုးနေသူဖြစ်၍အဆင်းကိုဘီးတပ်ပေးလိုက်မည်ဆိုတဲ့ သဘောထားမျိုးဖြင့်ကြံရွယ်ကာ ဂေဟာအတွင်းသို့ပြန်ဝင်လာပြီး တရုတ်ရုတ်ဖြစ်နေကြတဲ့ ကလေးလူငယ်တွေကြားမှ ဝမ်ရိပေါ်ဆီလျှောက်သွားကာ အင်္ကျီကော်လံစကနေတရွတ်တိုက်ဆွဲလိုက်တာကြောင့် ရှောင်းကျန့်က....
YOU ARE READING
A pair of red shoes by the river
Fanfictionမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....