ရှောင်းကျန့် ဟိုတယ်ခန်းတွင်းမှာ ရှေ့လျှောက်နောက်လျှောက်လုပ်လို့နေ၏။ညကဆယ်နာရီအချိန်ရှိနေသော်လည်း ညစာမပြောနှင့်နေ့ခင်းစာတောင်မစားရသေး။ နေ့လည်စာအတွက်လာပို့ထားတဲ့အစား အသောက်တွေတောင် ညစာတွေနဲ့အတူ စားပွဲပေါ်မှာရှိလို့နေသေးတာဖြစ်သည်။
လူတစ်ယောက်လုံး ကိုယ့်ရှေ့မှာလက်မောင်းဒဏ်ရာကြီးနဲ့ကျန်ခဲ့တာဘယ်လိုလုပ်စားဝင်မှာလဲ။ အထူးသဖြင့်အဲ့ဒိဓားချက်က သူ့အစားဝင်ခံပေးခဲ့သည့်အရာ။ဖုန်းခေါ်ဖို့ရာကဖုန်းနံပါတ်ကအခုထက်ထိမသိသေးတာဖြစ်ပြီးလော့ရန်ကိုမေးဖို့ကလည်း ပေးမသိချင်။ ဂိုဏ်းအချင်းချင်းဖြစ်သည့်ကိစ္စတွေမှာ အပြင်လူတွေသိရင် ရဲတွေဘာတွေနဲ့ ရှုပ်ရှက်ခက်လာနိုင်သည်။
ရှောင်းကျန့် လက်ထဲမှာ ဖုန်းကိုင်ထားပြီး သူ့ဟိုတယ်အခန်းတံခါးကို ဆွဲဖွင့်လိုက်သည့်အခါ အပြင်ဘက်မှာလည်း ကိုယ်ရံတော်နှစ်ယောက်ကရှိလို့နေ၏။ သူ့မျက်နှာချင်းဆိုင်အခန်းကိုကြည့်လိုက်တော့လည်း ပြန်ရောက်သည့် အရိပ်အယောင်များပင်မသိရ။
ရှောင်းကျန့်ကိုယ်ရံတော်တွေကို ရွဲ့လိုစိတ်ဖြင့်သူ့ဟိုတယ်အခန်းတံခါးကို ဆောင့်ပိတ်လိုက်ပြီးမှ ပြန်ဟထားလိုက်သည်။ ဒါမှသူ မျက်နှာချင်းဆိုင်အခန်းကလူရိပ်ကိုတွေ့ရမှာ။ ပြန်လာတာလား ပြန်မလာတာလားဆိုတာ။
"ကျစ်..."
ရှောင်းကျန့်ဒီတိုင်းရှေ့လျှောက်နောက်လျှောက်ဖြစ်နေစဉ် ဖုန်းဝင်လာတာကြောင့်ကျစ်သပ်လိုက်မိသည်။ ဒါဟာတစ်ဖက်ကဖုန်းခေါ်လာသည့်သူကို ပထမဦးဆုံး ကျစ်သပ်လိုက်ခြင်းဖြစ်တယ်ဆိုတာတော့သူသတိမထားမိလိုက်။
"ပြော...ကိိုကို..."
"ကျန့် ညစာစားပြီးပြီလား..."
"အင်း ပြီးပြီ ည ဆယ်နာရီတောင်ကျော်နေပြီလေ စားပြီးပြီပေါ့..."
"ဘာနဲ့စားလဲ ကျန့်..."
ရှောင်းကျန့်ဖြေဖို့ခဏလောက်တုံ့ဆိုင်းသွားသည်။သူ့ကိုလာပို့ထားတာတွေကိုယောင်ပြီးတော့တောင်သွားမကြည့်ထားတာကြောင့် ဘာဖြေရမှန်းမသိဖြစ်လို့နေ၏။ သို့သော် ခပ်တည်တည်ဖြင့်...
YOU ARE READING
A pair of red shoes by the river
Fanfictionမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....