"ကျန့် အိပ်ခန်းထဲမှာပဲလား..."
"ဟုတ်ပါတယ်..."
ဟန်ရင်း ကုမ္ပဏီမှပြန်လာပြီး အိမ်ထဲဝင်လာသည်နှင့်လည်ပင်းက နက်ခ်တိုင်တို့ကိုဖြည်လျော့ရင်းလော့ရန်ကိုမေးလိုက်သည်။ညက ခုနစ်နာရီအချိန်ရှိလို့နေပြီဖြစ်သည်။
"ညစာရော စားပြီးရဲ့လား..."
"နေ့ခင်းစာတောင် ကောင်းကောင်းမစားပါဘူး သူဌေး..."
"အလုပ်သမားတွေကို ထမင်းပြင်ထားခိုင်းလိုက် ငါတို့တအောင့်နေဆင်းလာခဲ့မယ်..."
"ဟုတ်ကဲ့ပါ..."
"ဒီကလေးက သိပ်တော့မဟုတ်သေးဘူး..."
ဟန်ရင်း ကျစ်သပ်ကာခေါင်းတွေနောက်ကျိနေဟန်ဖြင့်သူ့နားထင်နှစ်ဖက်ကိုလက်ချောင်းများဖြင့်ဖိထားရင်း အိမ်အပေါ်ဆုံးထပ်ကို တက်လှမ်းလို့သွား၏။ ပြီးနောက်သူ့အခန်းထဲကိုဝင်၍စာကြည့်စားပွဲတွင်အရင်ထိုင်လိုက်ကာ လက်ထဲရှိလက်ဆွဲအိတ်ထဲကအညိုရောင် စက္ကူဖိုင်လေးတစ်ခုကိုထုတ်လိုက်သည်။
ထိုစက္ကူဖိုင်လေးတွင်းမှ စာရွက်စာတမ်းတချို့အပြင် ဓာတ်ပုံလေးများကလည်းသူ့စားပွဲပေါ်မှာအစီအရီဖြစ်လို့နေသည်။စာရွက်တွေထဲမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ဆယ့်တစ်နှစ် နီးနီးတုန်းက မီးလောင်ပျက်စီးသွားသည့် ရှင်းဟန်ဂေဟာကြီးအကြောင်းနှင့် ဂေဟာမှကလေးစာရင်းများ။
ဒီကလေးစာရင်းကို အတိအကျရဖို့သူတစ်လကျော်ကျော်လောက်တောင် လိုက်ခဲ့ရတာ။ ဂေဟာကြီးမီးလောင်သွားကတည်းက ဘယ်သူမှပြန်ပြုပြင်တည်ဆောက်ဖို့မကြိုးစားကြတော့သလို အချက်အလက်တွေအားလုံးနီးပါးလည်း မီးထဲပါသွားခဲ့ပြီး တချို့ဓာတ်ပုံတစ်ပိုင်းတစ်စလေးတွေသာကျန်ရစ်လို့နေခဲ့တာဖြစ်သည်။ဂေဟာအကြီးအကဲတွေကလည်း နယ်ခံတွေရဲ့ အပြစ်တင်မှုတွေကြောင့် မိသားစုလိုက်နေရပ်ကိုခွာကာ တစ်ယောက်တစ်နယ်ဆီရောက်လို့နေကြတာဖြစ်၍ မနည်းလိုက်ခဲ့ရတာပင်။
လူစာရင်းထဲကမှ သူမျက်လုံးတွေအရင်ရောက်သွားခဲ့တဲ့နာမည်လေးက ကျန့်ပေါ့။ ရှောင်းကျန့်ဆိုတဲ့ နာမည်လေးကို ရှောင်းဆိုတာလေးဖျောက်ထားခဲ့တာကြာပြီမဟုတ်လား။ နောက်ထပ်နာမည်တစ်ခုကတော့ မောရစ်ဆိုတဲ့တစ်ယောက်။ အားလုံးထဲမှာ မထင်မှတ်မိတာကတော့ ဝမ်ရိပေါ် ဆိုတဲ့ နာမည်။ နာမည်လေးတွေနဲ့ ဓာတ်ပုံလေးတွေ အတူယှဉ်ထား၍သာ သူတွဲစပ်မိခြင်းဖြစ်သည်။ ရီယိုတစ်ဖြစ်လဲ ဝမ်ရိပေါ်ဆိုတဲ့သူက နာမည်ကိုသာပြောင်းခဲ့ပေမယ့်ဓာတ်ပုံထဲမှာတောင်ထင်ဟပ်နေတဲ့ စူးတောက်တောက်မျက်ဝန်းတွေကတော့ မပြောင်းလဲ။
YOU ARE READING
A pair of red shoes by the river
Fanfictionမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....