အပိုင်း(၅) Zawgyi

186 23 3
                                    

[AN: Violent content alert !]

"ကျွီ..."

ဂေဟာမှူးရှိရာ အထပ်သို့ဝမ်ရိပေါ်တက်လာပြီး အခန်းတံခါးကို အသာတွန်းဖွင့်လိုက်​၏။ မှောင်ပိန်းနေသောအခန်းကြောင့် အခန်းပိုင်ရှင်ရှိမနေဘူးဆိုတာသိသာ​၏။ ဒါတွေကကြိုတင်ခန့်မှန်းထားသည့်အရာပင်။ သူ့ကမ္ဘာငယ်ကိုပြိုကွဲအောင်ကြံရွယ်ခဲ့တဲ့လူဟာ လူတွေရှင်းတဲ့ဒီလိုနေ့ရက်ကိုရွေးချယ်ခဲ့သည်ဆိုလျှင် သူ့အနေနဲ့လည်း ဂေဟာကိုဘယ်သူမှပြန်မရောက်သေးတဲ့ဒီလိုအချိန်ကိုသာအချိန်မဆွဲဘဲရွေးချယ်မည်။

မှောင်မည်းနေသောအခန်းကို အလင်းရသွားအောင်လုပ်ဖို့ဝမ်ရိပေါ် ကြိုးစားခြင်းမရှိ။ သားကောင်ကို အမှောင်ထဲမှာ စောင့်နေတာပိုပြီးအခွင့်သာတယ်မလား။လူတွေဆိုတာ ကိုယ့်အသက်ကိုနှုတ်ယူမယ့်မရဏမင်းကို ထင်ထင်လင်းလင်းတွေ့ရသည်မဟုတ်။ ထိုနည်းတူသူသည်လည်း ထိုဂေဟာမှူး​အတွက်တော့ အသက်ဝိဉာည်ကိုကိုယ်တိုင်နှုတ်ယူမည့် မရဏမင်းဖြစ်စေရမည်။

ဝမ်ရိပေါ်သူ့လက်ထဲကပါလာသည့် ရေနံဆီပုလင်းကို အခန်းကြမ်းပြင်တွင်အသာချထားလိုက်ပြီး မီးခြစ်ကိုဘောင်းဘီ အိတ်ကပ်ထဲထည့်လိုက်သည်။ လက်ထဲက အသားလှီးဓားကိုတော့ ကျစ်နေအောင်ကိုင်ထားကာ အခန်းတံခါး​၏ ဘေးနားက နံရံမှာကျောကို ကပ်ပြီးခန္ဓာကိုယ်ကို မတ်၍ အမှောင်ထဲတွင် သွေးအေးစွာစောင့်လို့နေသည်။ လူသားစားကျားတွေဟာ ဘယ်လောက်ပဲသားကောင်တွေကို လိုက်ခဲ့လိုက်ခဲ့ အချိန်တန်ရင်တော့ သူ့ဂူရှိရာပဲပြန်လာမည်ပင်။အဓိကကတော့ စိတ်ရှည်နေဖို့သာ။

"ချောက်..."

ဝမ်ရိပေါ် တစ်ချက်မှ မလှုပ်ဘဲစောင့်နေရင်း မိနစ်နှစ်ဆယ်လောက်အကြာတွင် အပြင်ဘက်ကနေတံခါးချက်ဖွင့်လိုက်သံကြားတာကြောင့် ညာဘက်လက်ထဲကဓားကိုမြှောက်လိုက်ကာ အသင့်အနေအထားယူလိုက်လေသည်။

တံခါးပွင့်သွားပြီးနောက် လူရိပ်ဝင်လာသည်နှင့်တပြိုက်နက် ဝမ်ရိပေါ် အနောက်ဘက်ကနေထိုလူ​၏ လည်ပင်းသွေးပြန်ကြောနေရာကို မှန်းဆ၍ဓားဦးချွန်ဖြင့်ထိုးချလိုက်​၏။

"အား...."

ညအမှောင်ယံချိန်တွင် အခန်းမှောင်မှောင်​၏ထောင့်တစ်နေရာမှလည်ပင်းကိုအုပ်ကိုင်၍အော်လိုက်တဲ့ လူတစ်ယောက်​၏ အသံနက်ကြီးကကြီးစိုးလို့သွား​၏။ အပြင်ဘက်သစ်ပင်များထက်၌ခိုနားအိပ်စက်နေတဲ့ငှက်ငယ်တွေတောင် အသံနက်ကြီးကြောင့်ထိတ်လန့်သွားဟန်ရှိကြကာ ဝေးရာသို့ပျံသန်းသွားကြ​၏။

A pair of red shoes by the riverHikayelerin yaşadığı yer. Şimdi keşfedin