အပိုင်း(၁၅)Unicode

1.5K 199 11
                                    

ကုန်းမြင့်တွေပတ်လည်ကာထားသည့် အိမ်ကြီး​၏ အပေါ်ထပ်ရှိအဖြူရောင်လွှလွှအိပ်ရာလေးထက်တွင်လူနှစ်ယောက်နှစ်ခြိုက်စွာအိပ်စက်နေကြသည်။

ပြတင်းတံခါးမှ ဖြတ်ပျံသွားသည့် ငှက်မောင်နှံလေးသည်ပင် အားကျသည့်မျက်လုံးလေးများဖြင့်ကြည့်သွားကြသည်အထိ ထိုလူနှစ်ယောက်အိပ်စက်နေကြပုံမှာတစ်ဦးကိုတစ်ဦးအလွန်ချစ်မြတ်နိုးလှသည့် စုံတွဲလေးတစ်တွဲလိုမျိုးဖြစ်နေသည်။

*ကျစ်...*

အလွန်ကိုက်ခဲသောလက်မောင်းဒဏ်ရာ​၏နာကျင်မှုကိုဝမ်ရိပေါ်စိတ်ထဲ၌သာညည်းလိုက်ပြီးမျက်လုံးများကိုအသာဖွင့်လိုက်သည်။ မတော်တဆရင်ခွင်ထဲရောက်လာခဲ့သည့်လူသားကို ကြည့်မိသည့်အခါ သူနိုးထလာသည့် မနက်ခင်းဟာပြည့်စုံ​၏။

ဝမ်ရိပေါ် ဒဏ်ရာရှိသောသူ့ညာဘက်လက်မောင်းပေါ်တစ်ညလုံးနီးပါးခေါင်းတင်လို့ရင်ခွင်ထဲတိုးခွေ့ကာမှေးစက်နေသော ရှောင်းကျန့်​၏နဖူးပေါ်သို့ ဖွဖွလေးနမ်းလိုက်သည်။ထို့နောက် နာကျင်နေသောလက်ကိုရှောင်းကျန့်​၏ခေါင်းအောက်ကနေအသာဖယ်ဖို့အသက်တောင်မရှူဘဲဖြည်းဖြည်းချင်းဆွဲထုတ်လို့နေသည်။

ဒီလူသားရဲ့ ခေါင်းလေးက မလေးသော်လည်းသူ့ဒဏ်ရာကတော်တော်နက်တာကြောင့်မခံနိုင်တော့တာဖြစ်သည်။တကယ်ဆို ဒီလူသားကတမင်သပ်သပ်သူ့လက်မောင်းပေါ်ခေါင်းအုံးခြင်းတော့မဟုတ်။ ဒီလူသားအိပ်ပျော်နေချိန်မှာသူအသာယူပြီး လိုလိုလားလားတင်ထားတာဖြစ်သည်။

ညတုန်းက သူရုတ်တရက်ကြီးနမ်းလိုက်လို့ဒီလူသားတော်တော်လန့်သွားခဲ့တာ။အနမ်းတွေခွာပြီးကတည်းက ကျို့တွေကြီးပဲအဆက်မပြတ်ထိုးနေခဲ့တာကြောင့် နွားနို့တစ်ခွက်ကို တောင်းတောင်းပန်ပန်သောက်ခိုင်းခဲ့ရသည်။နွားနို့တစ်ခွက်ကုန်ပြီးတော့ ဖန်ခွက်ကြီးကိုသာစိုက်ကြည့်နေပြီးသူနဲ့တောင်စကားမပြောတော့ဘဲ ကြမ်းပြင်ကိုကြည့်လိုက် မျက်နှာကျက်ကိုကြည့်လိုက်သာလုပ်လို့နေ​၏။ အကြည့်ချင်းမဆုံရဲတာဖြစ်လိမ့်မည်။ဒီလူသားအရှက်ကြီးတတ်ခဲ့မှန်းသူငယ်ငယ်တုန်းကသတိတောင်မထားမိခဲ့။

A pair of red shoes by the riverDove le storie prendono vita. Scoprilo ora