"ကျန့် ဘာဖြစ်လို့လဲ..."
"ဘာမှ မဖြစ်ဘူး ကိုကို..."
သူ့ရောက်နေတဲ့ တစ်ပတ်လုံး ကျန့်မျက်နှာမှုန်သုန်နေတာနေ့တိုင်းပင်။ အထူးသဖြင့်ဒီနေ့။ဟန်လုပ်ငန်းစုနှင့်ဇာမဏီဂိုဏ်းတို့၏ ဟန်ပြပူးပေါင်းလုပ်ငန်းအတွက်ကျင်းပသည့်ပါတီတွင် ကျန့်၏မျက်ခုံးများက မှုန်ကုပ်နေတာဖြစ်သည်။
ပါတီကျင်းပသည့်နေရာက ရီယိုလက်ရှိနေထိုင်နေသည့်အိမ်တွင်ဖြစ်သည်။ တခြားနေရာများတွင်ကျင်းပလို့ရရက်သားနှင့်သူ့အိမ်မှာပဲလုပ်မည်ဟုဆိုလာသူကြောင့် ဒီမှာပဲပွဲလုပ်ကြခြင်းဖြစ်သည်။ သူအမှန်တိုင်းဆိုရရင် ရီယိုဆိုသည့်လူနှင့်မြင်ကတည်းကအစေးမကပ်တာပင်။ကိုယ့်ထက်အသက်ဆယ်နှစ်လောက်ငယ်တဲ့လူတစ်ယောက်ကို လူကြီးမပီသစွာအမြင်မကြည်ဖြစ်နေရခြင်းကအခြားအကြောင်းတွေကြောင့်မဟုတ်။ ကျန့်၏လုပ်ရပ်အချို့ကြောင့်ဖြစ်သည်။
သူ့မျက်လုံးထဲမှာ ကြက်ခြေခတ်တွေဖြစ်နေသည့် ကျန့်အပြုအမူတွေက ပြောရရင်တစ်ပုံကြီး။ပြောလိုက်ရင် မျက်နှာညိုးသွားမှာစိုး၍သာဘာမှမပြောတာကိုကျန့်ကလည်းအခွင့်ကောင်းယူသည်။
သူသည်းမခံနိုင်သည့်ကျန့်လုပ်ရပ်တစ်ခုက ဟိုဘက်ကလူက ကျန့်ကိုအရေးမစိုက်တာတောင် ကျန့်ဘက်ကစကားလိုက်ပြောနေခြင်းဖြစ်သည်။ သူပိုးမွေးသလိုမွေးထားသည့် ကလေးကို အဖတ်မလုပ်ခြင်းဟာသူမခံနိုင်လွန်းပေမယ့် ကိုယ့်ဘက်ကလည်း မနေနိုင်ဖြစ်နေသည့်အခါ သူဟိုဘက်ကိုဘာသွားပြောလို့ရမှာလဲ။သူ့မပြောလေ ကျန့်ကပိုဆိုးလေ။
အခုလည်း ကျန့်ရဲ့ မျက်လုံးတွေက ဟိုလူအနောက်တောက်လျှောက်ကပ်ပါလို့နေ၏။ နောက်ထပ်သုံးရက်ဆို ဟောင်ကောင်ပြန်တော့မည်ဖြစ်တာကြောင့် ဘာမှအကျယ်အကျယ်မဖြစ်အောင် သူ့စိတ်ကိုအတတ်နိုင်ဆုံးထိန်းထားခြင်းဖြစ်သည်။
အစကတည်းက ကျန့်ကိုသူဒီလွှတ်လိုက်တာသူ့ မဟာအမှား။ကျန့်ကပြင်ပလောကကိုရောက်လာသည်နှင့် မျက်စိရှေ့ကအရာမှန်သမျှကိုလူဆိုးလူကောင်းမခွဲခြားနိုင်ဘဲ စိတ်ဝင်စားမှုပြသည်။အရာရာကကျန့်အတွက်အသစ်အဆန်းဖြစ်နေလို့ စိတ်ဝင်စားတာဖြစ်မည်ဟုသာသူယူဆလိုက်သည်။
YOU ARE READING
A pair of red shoes by the river
Fanfictionမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....