ဟိုတယ်ကြီးကနေ လော့ရန်တို့ မသိအောင်ဝမ်ရိပေါ်နှင့်အတူထွက်ခဲ့တဲ့ ရှောင်းကျန့်ဟာ အရမ်းကိုအလျင်လိုနေပုံရသည်။ ထွက်သာထွက်ခဲ့တာ ဘယ်ဦးတည်ချက်ကိုသွားရမည်မသိ။ ထို့ကြောင့် ဟိုတယ်အပေါက်ဝအရှေ့ရောက်ပြီးတာနဲ့ခြေလှမ်းများရပ်တန့်သွားပြီးဝမ်ရိပေါ်ကိုပြန်ကြည့်လို့နေ၏။ထိုအကြည့်များကို ဝမ်ရိပေါ်နားလည်တာကြောင့်...
"မင်းဘယ်သွားချင်လဲ..."
"ဘယ်နေရာဖြစ်ဖြစ်ရတယ်...လူရှင်းတဲ့နေရာမျိုးလေး..."
"ဒါဆို ဒီနားပတ်ဝန်းကျင်က လမ်းလေးတွေပဲသွားကြတာပေါ့..."
ရှောင်းကျန့် ခေါင်းကိုအသာညိတ်ပြလိုက်ကာ ပုခုံးထက်လျောကျနေသောရှပ်အင်္ကျီကိုပြန်ဆွဲတင်လိုက်၏။ ဝမ်ရိပေါ်၏အင်္ကျီကိုယူဝတ်ထားတာဖြစ်၍ သူ့ခန္ဓာကိုယ်နှင့်ယှဉ်ရင် အတော်ကြီးနေသည်ဖြစ်ရာ ပုခုံးထက်သို့ခဏခဏလျောကျနေခြင်းဖြစ်သည်။ ဘောင်းဘီကတော့ခါးပတ်အကူအညီဖြင့်အဆင်တော့ပြေ၏။ ဖိနပ်ကတော့ ရှူးဖိနပ်ဆိုချောင်ပြီးကျွတ်ကျနေမည်စိုး၍ရိုးရိုးဂွင်းထိုးဖိနပ်ပေါ့ပေါ့ပါးပါးသာယူဝတ်လာတော့သည်။
တစ်ကိုယ်လုံးကအဝတ်အစားတွေက ခန္ဓာကိုယ်ထက်ကြီးနေကာ ကိုးရို့ကားယားနိုင်ပေမယ့် ရှောင်းကျန့်က အပြင်ထွက်ဖို့သာတက်ကြွနေတာကြောင့် ခြေတစ်လှမ်းသွားလိုက် လျောကျလာသောအင်္ကျီကိုဆွဲတင်လိုက်ဖြင့်သာ။ ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ကိုကြည့်ပြီး ခေါင်းကိုအသာခါရမ်းကာ ပြုံးလိုက်မိသည်။ ဖြစ်နိုင်ရင်လျော လျောကျနေသည့် အင်္ကျီကိုကလေးတွေကိုလုပ်ပေးသလို အနောက်ကနေထုံးပေးလိုက်ချင်သည်။ဒါမှမဟုတ် ပေါ်နေတဲ့ပုခုံးသားကိုလက်နဲ့ဖွဖွကိုင်အုပ်ပေးချင်သည်။
ဝမ်ရိပေါ် တွေးနေရင်းပင်သူ၏ လက်ဖဝါးတို့ကရှောင်းကျန့်၏ပုခုံးပေါ်သို့ရောက်သွားပြီဖြစ်သည်။သို့သော်ပုခုံးသားနုနုကိုတိုက်ရိုက်ထိတွေ့လိုက်ခြင်းတော့မဟုတ်။ လျောကျနေသည့်အင်္ကျီစလေးကိုပြန်ဆွဲတင်ကာလက်နဲ့အသာဖိထားပေးခြင်းဖြစ်၏။
သူ၏အပြုအမူကြောင့်ရှောင်းကျန့်ကိုယ်လုံးလေးကျုံ့သွားပြီးသူ့ကိုသမင်လည်ပြန် ပြန်ကြည့်လိုက်သည့် မျက်ဆန်ညိုလေးတွေကိုဝမ်ရိပေါ်လျစ်လျူရှုထားလိုက်သည်။ သူ့အတွက်တော့ရင်းနှီးနေတဲ့အထိအတွေ့တွေဖြစ်ပေမယ့် ဒီလူသားအတွက်တော့မဟုတ်ဘူး။ သူ့ကိုသူစိမ်းတစ်ယောက်လိုသဘောထားသည့်အတွက်ကြောင့်အနေခက်နေလိမ့်မယ်။ပထမဦးဆုံးပြန်တွေ့တဲ့ညက သူ့ထွေးပွေ့မှုကိုအတင်းရုန်းဖယ်သွားခဲ့တာကိုကြည့်ခြင်းဖြင့်သိနိုင်ခဲ့တာ။
YOU ARE READING
A pair of red shoes by the river
Fanfictionမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....