နှစ်ခြိုက်စွာအိပ်ပျော်နေသည့်ရှောင်းကျန့်ကို ဝမ်ရိပေါ် စိုက်ကြည့်လို့နေပြီး နဖူးကဆံစလေးတွေကိုအသာအယာသပ်ပေးလို့နေ၏။လက်လေးတစ်ဖက်ကို ဖွဖွလေးဆုပ်ကိုင်လိုက်ကာ သူ့နှုတ်ခမ်းဖြင့်ဖိကပ်လိုက်သည်။
အိပ်ပျော်နေရင်းတောင် မှိတ်ထားတဲ့မျက်ဝန်းထောင့်ကနေ မျက်ရည်လေးတွေစီးကျနေတဲ့ဒီလူသားကတော်တော်ပင်ပန်းနေခဲ့မှာ။သူအမှန်တိုင်းပြောရရင်စိတ်တွေလှုပ်ရှားနေတယ်။ ဒီလူသား အိပ်ရာကနိုးထလာရင် သူ့ကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကြိုတွေးပြီးတော့။
ရှောင်းကျန့်၏ လက်ကို ဆုပ်ကိုင်ရင်း ဝမ်ရိပေါ်ကုတင်ဘေးနားမှေးကနဲအိပ်ပျော်သွားရာမှ ဆတ်ကနဲဖြစ်သွားတဲ့ သူ့လက်ကြောင့် နိုးလာရသည်။ကြည့်လိုက်တော့ နူးညံ့တဲ့လက်ကလေးတစ်ဖက်က သူ့လက်ထဲက ရုန်းထွက်သွားတာဖြစ်ပြီး ထိုလက်ပိုင်ရှင်လေးက ကုတင်ထောင့်တစ်နေရာအထိတိုးကပ်လို့နေကာ သူ့ကိုမျက်လုံးအဝိုင်းသားဖြင့်ကြည့်လို့နေတာဖြစ်သည်။
"နိုးလာပြီလား..."
ဝမ်ရိပေါ် သူ့ကို ဘာမှပြန်မဖြေထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်နေသော ရှောင်းကျန့်ကို စိုးထိတ်စွာကြည့်လိုက်ရင်း မချင့်မရဲ လက်လှမ်း၍ ထိကိုင်မည်အလုပ် ပုတ်ထုတ်ခံလိုက်ရသည်။
"မကိုင်နဲ့...! "
ရှောင်းကျန့်၏ ပုံမှာ အလွန်ထိတ်လန့်နေတဲ့ပုံဆောင်နေပြီး သူ့အရှေ့က စောင်ကိုယူကာ တစ်ကိုယ်လုံးကို လွှမ်းခြုံထားလိုက်ပြီး ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်းအနောက်သို့ဆုတ်သွားတာဖြစ်သည်။ကုတင်ပေါ်က မတော်တဆပြုတ်ကျသွားမည်စိုး၍ ဝမ်ရိပေါ်က လှမ်းဆွဲလိုက်စဉ်...
"မထိပါနဲ့ ကျေးဇူးပြုပြီး မထိပါနဲ့..."
ရှောင်းကျန့်တစ်ကိုယ်လုံးတုန်ရီလို့နေပြီး မျက်ရည်တွေလည်း တရဟောစီးကျလာရသည်။နှုတ်ကလည်းတဖွဖွဖြင့်...
"တိတိလေး ကောကို လာကယ်ပါ~~ကော ကြောက်တယ်~~ကောကြောက်တယ်~~"
"ကိုယ်ကမင်းကိုဘာမှ မလုပ်ဘူးလေ...ကိုယ်ကမင်းကိုအန္တရာယ်ပေးမယ့်လူလည်းမဟုတ်ဘူး အဲ့တာကြောင့် ကြောက်စရာမလိုဘူး..."
ESTÁS LEYENDO
A pair of red shoes by the river
Fanficမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....