အပိုင်း(၁)Unicode

3.5K 236 6
                                    

"မလုပ်နဲ့တော့ တိတိ...တော်တော့လို့...သေသွားလိမ့်မယ်...."

"တိတိ....မလုပ်ပါနဲ့...."

"ဝမ်...ရိ...ပေါ်..."

နာမည် အပြည့်အစုံအခေါ်ခံလိုက်ရတဲ့ အခါမှ ဝမ်ရိပေါ် သူ​၏ လက်များကို ရုတ်သိမ်းလိုက်သည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အသက်ရှူသံတွေပြင်းနေပုံက ဘယ်လောက်တောင် ဒေါသတွေထွက်နေမှန်းသိသာသည်။ မျက်လုံးတွေ စူးရဲတောက်နေခြင်းက သူ့သားကောင်ကို သတ်ဖြတ်တော့မည့် ကျားရဲတစ်ကောင်အလား ဖြစ်လို့နေ​၏။

"တိတိ မလုပ်ပါနဲ့တော့နော်...ကောတောင်းပန်ပါတယ်...."

ရှောင်းကျန့် ဝမ်ရိပေါ်​၏ လက်တစ်ဖက်ကို လှမ်းဆုပ်ကိုင်လိုက်ရင်း မျက်ရည်များစီးကျလို့ပြောနေသည်။

ဝမ်ရိပေါ် အချက်ပေါင်းများစွာ ဆွဲထိုးလိုက်လို့ မျက်နှာတစ်ခုလုံး ရစရာမရှိတော့တဲ့သူကတော့ ရတဲ့အခွင့်အရေးကို အသုံးချပြီး ကုန်းရုံးထလိုက်ကာ သွေးတွေရဲနေတဲ့ မျက်နှာကို အုပ်ကိုင်ရင်း လက်ညိုးထိုးလို့ ကျိန်းသွားသေးသည်။

"မင်းတို့နှစ်ယောက်စလုံးကို မင်းတို့ဂေဟာက အကြီးအကဲတွေနဲ့ ပြန်တိုင်မယ်.....မိမရှိ ဖမရှိကောင်တွေကများ ငါ့ကိုရာရာစစ ထိုးကြိတ်ရအောင်...."

ရှောင်းကျန့် လှမ်းဆွဲထားလို့ အနည်ထိုင်နေတဲ့ ဝမ်ရိပေါ်​၏ ဒေါသတွေ ပြန်လှုပ်ရှားလာရကာ လမ်းဘေးမှာတွေ့တဲ့ အုတ်ခဲတစ်လုံးကိုပြေးကောက်​၏။ဒါကို ရှောင်းကျန့်တွေ့တော့ ဝမ်ရိပေါ်ကို ပြေးဖက်ကာ တစ်ဖက်ကို ရန်မရှာနိုင်အောင် တားမြစ်လို့နေ​၏။

"တိတိ မလုပ်ပါနဲ့.....တိတိ...."

တစ်ဖက်လူကလည်း ဝမ်ရိပေါ် အုတ်ခဲပြေးကောက်လိုက်ကတည်းက ထွက်ပြေးသွားလို့နေပြီဖြစ်သည်။

ဝမ်ရိပေါ် လက်ထဲက အုတ်ခဲကို ပစ်ချလိုက်ပြီးသူ့ခါးကို ဖက်ထားတဲ့ ရှောင်းကျန့်​၏ လက်တွေကိုခပ်ကြမ်းကြမ်းဖြုတ်လိုက်၍မျက်နှာချင်းဆိုင်လိုက်ကာ.....

"ကျန့်ကောမျက်ရည်မကျနဲ့.....နောက်တစ်ခါလည်း အဲ့လိုကောင်တွေရဲ့ အနိုင်ကျင့်တာ မခံနဲ့....ကျန့်ကောမှာ လက်မပါဘူးလား ပြော....."

A pair of red shoes by the riverDonde viven las historias. Descúbrelo ahora