"ကိုကိုရော့ ပြီးပြီ..."
ဟန်ရင်း သူ့လက်ထဲရောက်လာတဲ့ ရှပ်အင်္ကျီကိုအသာကိုင်၍ ကော်လံနေရာလေးကို နမ်းရှိုက်လိုက်သည်။
"ကျေးဇူးပဲ ကျန့်..."
"မလိုပါဘူး ကိုကိုကလည်း..."
"ကိုကိုက ကျန့်လက်နဲ့ထိလိုက်တဲ့အရာအားလုံးကို မြတ်နိုးတယ်...."
သူပြောလိုက်လို့နှုတ်ခမ်းထောင့်လေးကွေးညွတ်ရုံပြုံးလိုက်သည့် ကျန့်ကိုသူငေးစိုက်၍ကြည့်လိုက်မိပြန်သည်။ ကျန့်က အမြဲတမ်းဒီလိုလေးသာပြုံး၏။နှုတ်ခမ်းထောင့်လေးတွေကွေးသွားလို့သာ ပြုံးလိုက်တယ်လို့သိလိုက်ရတာ ဘယ်တော့မှသွားဖွေးဖွေးလေးတွေပေါ်လွင်လာအောင်မပြုံးတတ်။ရယ်မောတာလည်းတစ်ခါမှမတွေ့ဖူးတာပင်။
ဒီအဖြူရောင်လေးကို သူလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းကကောက်ရခဲ့တာ။ ဟုတ်တယ် တကယ်ကိုကောက်ရခဲ့တာ။ လွန်ခဲ့ဆယ်နှစ်တုန်းက သူဟန်လုပ်ငန်းစု၏ဆက်ဆံသူအဖြစ်လွှဲပြောင်းခံယူပြီး ပထမဦးပရောဂျက်အဖြစ်နယ်မြို့လေးတစ်ခုမှာရှိတဲ့မြေကွက်တွေသွားကြည့်ပြီးအပြန်အဝေးပြေးလမ်းမကြီးထက်တွင်သူ့ကားဒရိုင်ဘာက တစ်စုံတစ်ရာကိုအရှိန်ပြင်းပြင်းတိုက်မိခဲ့သည်။
မှတ်မိသေးတယ် အဲ့ဒိနေ့ကကောက်သစ်စားပွဲနေ့။သူတို့ကားနဲ့တိုက်မိတဲ့တစ်စုံတစ်ရာလေးက မှောင်မည်းလွန်းတဲ့အဝေးပြေးလမ်းကြီးပေါ်တွင်တစ်ခုခုကိုပြန်လာကောက်ရင်း ထိခိုက်မိသွားတာဖြစ်သည်။ သူလည်းကားနောက်ခန်းကနေအမြန်ထွက်လာပြီး ဆင်းလာကြည့်တော့ သူတို့ကားရှေ့မှာ ရှူးဖိနပ်အနီလေးတစ်ဖက်ကိုကိုင်ထားပြီး ခေါင်းကစိမ့်ထွက်လာတဲ့သွေးအိုင်လေးထဲတွင်နစ်နေတဲ့အဖြူရောင်လေးကိုတွေ့ခဲ့သည်။
သွေးတွေပေကျံနေတဲ့ မျက်နှာနုနုလေးကသူ့ရင်ထဲကိုအရှိန်ပြင်းပြင်းနဲ့လှုပ်ခတ်စေသည်။အဲ့တုန်းကသူကအသက်၂၆ ၊ ၂၇ ဝန်းကျင်ဖြစ်ပြီး သူ့ရင်ကိုဒီလိုလှုပ်ခတ်စေသည့်သူမျိုးလည်းမရှိခဲ့။အခုမှစတွေ့ဖူးတဲ့ကောင်လေးကိုရင်ခွင်ထဲပွေ့ပြီး ကားပေါ်တက်လာကာအနီးဆုံးဆေးရုံရှိရာကိုခေါ်ဆောင်လာခဲ့တာဖြစ်သည်။
ESTÁS LEYENDO
A pair of red shoes by the river
Fanficမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....