"တိတိ..."
အောက်ထပ်က ခပ်စူးစူးအသံဖြင့် သူ့ကို အော်ခေါ်လိုက်သည့် ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် အပေါ်ထပ်ကနေ အလျှင်အမြန်ပြေးဆင်းလာသည်။ အောက်ထပ်ရောက်လာတော့ ရှောင်းကျန့် လက်ညိုးညွှန်ရာဘက်ကို ကြည့်လိုက်သည့်အခါ သူ့အိမ်အပြင်ဘက်မှာ အယောက်သုံးဆယ်ခန့်ရှိသော ဝတ်စုံအနက်ဝတ်လူများက ဝန်းရံထားတာဖြစ်သည်။
ဝမ်ရိပေါ် ရှောင်းကျန့်၏ ပုခုံးကို ဖက်လိုက်ပြီး...
"ဘာမှမဖြစ်ဘူး အဲ့တာ ကျွန်တော်တို့ ဂိုဏ်းကလူတွေ..."
"ဪ ဟုတ်လား ကောက လူဆိုးတွေထင်လို့..."
"ဒါဆို ကျွန်တော်တို့ဂိုဏ်းက လူဆိုးဂိုဏ်းမဟုတ်ဘူးထင်တယ်...ရှောင်လင် ဂိုဏ်းကများလား..."
"တိတိ က ကောကို လှောင်တာလား..."
"ကိုယ်ချစ်တဲ့သူကို ဘယ်လှောင်ရက်ပါ့မလဲ..."
"တော်တော့ ကော မနက်စာ သွားလုပ်တော့မယ်...ဒါနဲ့ ဟိုလူတွေ က မနက်စာ စားပြီးပြီလား...ကော အယောက်သုံးဆယ်စာလောက်တော့ မလုပ်နိုင်ဘူးထင်တယ်..."
"ကျန့်ကောက ဘယ်သူတွေ အတွက်လုပ်ပေးဖို့ စိတ်ကူးနေတာလဲ ကျွန်တော်တို့ နှစ်ယောက်စာပြင်ရင်ရနေပြီပဲ သူတို့က မနက်စာတစ်နပ်မစားရတာနဲ့ မသေသွားဘူး..."
သူပြောလိုက်တဲ့စကားကြောင့် မျက်စောင်းထိုးပြီး ပွစိပွစိနဲ့ သူ့ကိုပြောသွားသေးတယ်။ ဘာတဲ့ "အူပုတ်" ဆိုပဲ။
ရှောင်းကျန့် မနက်စာပြင်နေသည့်အချိန်တွင် ဝမ်ရိပေါ် အိမ်အပြင်သို့ထွက်ကာ သူ့ဂိုဏ်းသားတွေကို တစ်စုတစ်စည်းတည်းသူ့အရှေ့တွင် ရပ်ခိုင်းလိုက်၏။ တည်တင်းနေတဲ့မျက်နှာထားက ရှောင်းကျန့်အရှေ့မှာ နူးညံ့ခဲ့တဲ့ မျက်နှာထားဖြင့် လားလားမှမသက်ဆိုင်။ ဒါဟာ ဂိုဏ်သားတွေရင်းနှီးကျွမ်းဝင်နေတဲ့ ဇာမဏီဂိုဏ်းညာလက်ရုံး ရီယို၏ မျက်နှာထားသာ။
ဝမ်ရိပေါ်က ထိုဂိုဏ်းသားတို့ကို ဦးဆောင်လာသည့် သူအားမေးဆတ်ပြလိုက်ကာ...
"မင်းတို့ကို မောရစ်လွှတ်လိုက်တာလား..."
"ဟုတ်ပါတယ်..."
YOU ARE READING
A pair of red shoes by the river
Fanfictionမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....