အပိုင်း(၂၃) Zawgyi

204 22 5
                                    

ရှောင်းကျန့်ကားပေါ်ကမဆင်းခင်သူ့လက်ကောက် ဝတ်ကို တင်းတင်းပြန်ဆွဲထားသည့်ဝမ်ရိပေါ်ကို ကြည့်လိုက်သည်။

"ခဏလေးပဲလေ ရီယို...နာရီဝက်တည်း..."

"နာရီဝက်နေလို့မှ ပြန်မထွက်လာသေးရင် ကိုယ်ဝင်လာခဲ့မှာနော်..."

"အင်းပါ ကိုကို့ဆီမှာ ခွင့်တောင်းပြီးတာနဲ့ပြန်ထွက်လာခဲ့မှာ...ကားထဲမှာပဲစောင့်နေ ဟုတ်ပြီလား..."

ဝမ်ရိပေါ် မျက်လုံးများမှိတ်ချကာ ပင့်သက်ရှိုက်လိုက်သည်။

"နာရီဝက်ထက်တော့ မပိုခဲ့စေနဲ့..."

ရှောင်းကျန့်​၏ လက်ကောက်ဝတ်ကို ဝမ်ရိပေါ်လွှတ်ပေးလိုက်သည့်အခါ ရှောင်းကျန့်က သူ့သုံးထပ်အိမ်ကြီးရှိရာ ခြံဝန်းထဲသို့လျှောက်လှမ်းသွားပြီဖြစ်​၏။

ပြန်ထွက်လာမှာပဲကို ဘာလို့အနောက်ပြန်လှည့်ကြည့်ပြီး တာ့တာ ပြသွားရသေးတာလဲ။ အချိန်မရွေးဝင်ပြီးသွားပြန်ဆွဲထုတ်လို့ရတာသိပေမယ့် ဒီလူသားစိတ်မကောင်းဖြစ်မယ့်အရာတွေကိုသူအတင်းအကြပ်မလုပ်ချင်ဘူး။ခေါင်းမာလွန်းတဲ့ ဒီလူသားက ဟိုလူ့ဆီမှာ ခွင့်ပြုချက်လိုချင်တယ်ဆို၍သာသူစိတ်လျော့ပြီး လွှတ်လိုက်ရတာဖြစ်သည်။

တကယ်ဆိုတစ်စက္ကန့်လေးတောင် ဒီအိမ်ထဲပြန်မလွှတ်ချင်တာပင်။
_________ __________

ရှောင်းကျန့် သူ့လက်ထဲမှာကိုင်လာသည့် လက်ထပ်စာချုပ်လေးကို ကြည့်ရင်း အသေအချာပြန်ခေါက်လိုက်ပြီးမှ သက်ပြင်းချကာ အိမ်တံခါးကိုတွန်းဖွင့်လိုက်​၏။

"ကျန့်..."

အိမ်မကြီးထဲ ရှောင်းကျန့်ခြေချလိုက်သည့်အခါ ဧည့်ခန်းထောင့်တစ်နေရာမှာ မတ်တပ်ရပ်နေသည့် လော့ရန်က အံ့ဩတကြီးဖြင့်လှမ်းခေါ်လိုက်သည်။လော့ရန်​၏ ခေါ်သံနှင့်အတူ ရှောင်းကျန့်ဘက်သို့ စူးရဲသည့်အကြည့်ရောက်သွားသည်က အိမ်အဝင်ဝတည့်တည့်နှင့်မျက်နှာချင်းဆိုင် ဧည့်ခန်းဆိုဖာပေါ်မှာ ထိုင်နေသည့် ဟန်ရင်းထံမှ။ လော့ရန်ကတော့ အလိုက်သတိဖြင့် အိမ်အပြင်ဘက်သို့ရှောင်သွားလိုက်ပြီဖြစ်​၏။

ဟန်ရင်းက မျက်သားတွေနီရဲနေပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ သူထိုင်နေရာနေရာသို့တစ်လှမ်းချင်းလျှောက်လာသည့် ရှောင်းကျန့်ကို မျက်တောင်တစ်ချက်မခတ်ဘဲစိုက်ကြည့်လို့နေ​၏။ ရှောင်းကျန့်ကတော့ လျှောက်လာနေရင်း ခြေထောက်တွေတောင် မခိုင်ချင်သလိုဖြစ်လာရသည်။ ကိုကိုသူ့ကိုစိတ်ဆိုးနေတယ်ဆိုတာ အရမ်းသိသာလွန်းသည်။

A pair of red shoes by the riverWhere stories live. Discover now