ဟောင်ကောင်ကနေ ရေကြောင်းခရီးအတိုင်း ဖယ်ရီသင်္ဘောအသေးစားလေးဖြင့် တစ်နာရီခန့်သွားလျှင်ပင် မကာအိုသို့ရောက်၏။
လောင်းကစားနှင့်ဒုစရိုက်မြို့တော်ဟုနာမည်ကြီးလွန်းသည့်မကာအိုတွင် ညနေစောင်းမှောင်စပြုသည့်အချိန်မှစ၍ လောင်းကစားရုံကြီးတွေက အထင်ကရလမ်းမကြီးများထက်တွင်သူ့ထက်ငါအပြိုင်အဆိုင်ထိန်ထိန်ညီးလင်းလက်နေကြသည်။
ကမ္ဘာပေါ်က ဒုတိယအကြီးဆုံး ကာစီနိုသည်လည်းမကာအိုတွင်တည်ရှိတာဖြစ်သည်။ထိုကာစီနိုက ဟိုတယ်နှင့်တွဲဖွင့်ထားခြင်းဖြစ်ပြီး ဗီနီရှန် (The Venetian Macao) ဆိုတာပင်ဖြစ်သည်။ ထိုဟိုတယ်တွင် အခြားသော ပွဲတော်များတင်းနစ်ကစားနည်းများ လက်ဝှေ့ထိုးပွဲများနှင့်အခြားခြားသောအရာများစွာကိုလည်းကျင်းပကြ၏။
(The Venetian Macao Resort Hotel)
photo creditကာစီနိုကြီးသီးသန့်ပင် ကစားသည့်နေရာ လေးခုခွဲထားတာဖြစ်ပြီး နေရာတစ်ခုချင်းစီတွင်သူ့နာမည်နှင့်သူ၊ သူ့အပြင်အဆင်နှင့်သူရှိ၏။ နေရာလေးခုရဲ့ နာမည်တွေက ရွှေငါး၊ အင်ပါယာအိမ်၊ နဂါးနီ နှင့်ဇာမဏီဆိုပြီးဖြစ်၏။ ကာစီနိုအတွင်းမှာ ကစားဝိုင်း ရှစ်ရာကျော်ရှိပြီး ကစားစက်များအနေဖြင့် ခြောက်ထောင်ကျော်ရှိတာဖြစ်သည်။
ထိုကာစီနိုကြီးတွင် ဖိုင်ဇာကလပ် (The Paiza Club) လို့ခေါ်သည့်အရာလည်းရှိသေး၏။ထိုကလပ်သည်ကားအထူးဧည့်သည်တော်များအတွက်သာဖြစ်၏။ဖိတ်ကြားထားခြင်းခံထားရမှ ကစားခွင့်ရှိခြင်းသာဖြစ်သည်။ထိုကလပ်အဖွဲ့ဝင်များကစားဖို့ရာအဆင်မြင့်သီးသန့်အခန်းကြီးများရှိ၏။
ESTÁS LEYENDO
A pair of red shoes by the river
Fanficမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....