အပိုင်း(၇) Unicode

1.3K 176 7
                                    

"ကျွန်တော်တို့နှစ်ယောက် ခင်ဗျားနဲ့ တစ်ခန်းတည်းနေချင်တယ်...."

ဝမ်ရိပေါ်နှင့်မောရစ်တို့ သောမတ်စ်ဆိုတဲ့သူ​၏ရှေ့တွင်မတ်တပ်ရပ်ကာ တောင်းဆို​၏။ သူရှေ့ကကောင်လေးနှစ်ယောက်ကို သောမတ်စ်ကြည့်ကာ...

"ဟား...ဟား...ဟား...ပြောပါဦး ဘာဖြစ်လို့လဲ..."

ဝမ်ရိပေါ် တို့ချင်ကျန်းထောင်ထဲရောက်နေသည်မှာ တစ်ပတ်ကျော်ကြာနေပြီဖြစ်သည်။ဒီတစ်ပတ်အတွင်းဒီထောင်မှာဘယ်သူကအင်အားအကြီးဆုံးလဲဆိုတာဝမ်ရိပေါ်စုံစမ်းသိရှိထားပြီးဖြစ်​၏။ဘယ်သူကဘာကြီးပဲဖြစ်ဖြစ် အင်အားကြီးသည့်သူဆိုရင်ရပြီဖြစ်သည်။ ဘယ်လိုနည်းပဲဖြစ်ဖြစ်သူနေရာတစ်ခုခုကိုရချင်သည်။

သူတို့အရှေ့က ကပ်ဖားလျက်ဖားအကျဉ်းသားတချို့ဝန်းရံနေတဲ့သောမတ်စ်ဆိုသည့် မက္ကဆီကိုလူမျိုးကမူးယစ်ဂိုဏ်းကြီးတစ်ခုနှင့်ဆက်စပ်ပြီးထောင်ထဲရောက်နေသည်မှာ သုံးနှစ်ရှိပြီဖြစ်ကြောင်းသိရ​၏။သောမတ်စ်သည်တရုတ်စကားလည်းကျွမ်းကျင်​၏။နယ်စပ်ဘက်မှာမူးယစ်ဆေးကိုကုန်တင်ကားကြီးနဲ့အစီးလိုက်ပေါ်တင်တိုက်ယူလာရင်းမိသွားသည်ဟုဆိုသည်။

သူဆက်စပ်ပြီးတွေးမိသည်ကဒီလိုပေါ်တင်ကြီးလုပ်သည့်ကိစ္စကအရမ်းကြီးတဲ့ဂိုဏ်းတစ်ခု​၏လက်အောက်ခံဖြစ်၍သာလုပ်နိုင်ကြခြင်းဖြစ်သည်။ ဒါမှမဟုတ်တခြားဒီထက်ဆိုးတဲ့ကိစ္စကြီးတစ်ခုကို ဖုံးကွယ်ချင်လို့မူးယစ်ဆေးကိုအယောင်ပြအဖမ်းခံရခြင်းဖြစ်လိမ့်မည်။ဥပမာ ပြောရရင်တော့ လက်နက်မှောင်ခိုလို အရမ်းကြီးကျယ်တဲ့ကိစ္စကြီးတွေကိုလုပ်နေ၍ မူးယစ်ဆေးကို ကားတစ်စီးစာရင်းပြီး လုပ်လိုက်တာဖြစ်နိုင်မည်။

ပြီးတော့ ဟိုတစ်နေ့က ထိုလူ​၏နောက်ကျောတွင် ကျောပြင်အပြည့်ထိုးထားသော အရောင်အသွေးစုံသည့်ဇာမဏီငှက်ပုံတွေ့​၏။

သောမတ်စ်က ဝမ်ရိပေါ်ဘက်ကိုကြည့်ပြီး...

"တစ်ခန်းကိုလူလေးယောက်နေရတာသိတယ်မလား..."

ဝမ်ရိပေါ်ခေါင်းညိမ့်ပြလိုက်​၏။ထိုအခါ သောမတ်စ်က...

"ငါတို့နေတဲ့အခန်းကလူပြည့်သွားပြီ ဒါပေမယ့်တစ်ခုတော့ရှိတယ်..."

A pair of red shoes by the riverWhere stories live. Discover now