မနက်အစောကြီး ခြောက်နာရီအချိန်တွင် ရှောင်းကျန့်လက်ထဲမှာဖုန်းလေးကိုကိုင်ပြီးဟိုတယ်အခန်းတံခါးကို အသာတွန်းဖွင့်ကာ ခေါင်းလေးပြူထွက်လာ၍ဘေးဘီဝဲယာကိုကြည့်၏။ အဘယ့်ကြောင့်ဆိုသော်သူ၏ဘေးချင်းကပ်လျက်ဘယ်ညာအခန်းများတွင်လော့ရန်နှင့်တခြားသောကိုယ်ရံတော်များအနီးကပ်နေကြခြင်းဖြစ်သည်။သူဘယ်သူမှမသိအောင် ဟိုတယ်အောက်ထပ်လေးဖြစ်ဖြစ်တစ်ယောက်တည်းသွားကြည့်ချင်သည်။
"ချောက်..."
တံခါးဖွင့်သံကြားတာကြောင့် ရှောင်းကျန့်လန့်ပြီးအထဲကိုပြန်ဝင်ဖို့ပြင်လိုက်စဉ် အသံမှာဘေးချင်းကပ်လျက်အခန်းမှမဟုတ်ဘဲမျက်နှာချင်းဆိုင်အခန်းမှလာတာဖြစ်တာကြောင့် ဒီတိုင်းပဲရပ်နေလိုက်သည်။ မျက်နှာချင်းဆိုင်အခန်းမှထွက်လာသည့်သူမှာ မျက်နှာစိမ်းမဟုတ်တာကြောင့် အံ့ဩမိသည်။ရီယိုဆိုတဲ့သူကသူ့အခန်းအရှေ့တည့်တည့်မှာတည်းတာတဲ့လား။ ညတုန်းကခရီးပန်းလာလို့သတိတောင်မထားမိခဲ့။
ရှောင်းကျန့် အရှေ့ကလူကိုပြုံးပြရမည်လား မမြင်ချင်ယောင်ပဲဆောင်ပြီး အခန်းထဲပြန်ဝင်ရမည်လားဟုတွေဝေနေသည့်အချိန်တွင် ထိုသူကနွေးထွေးသောအပြုံးဖြင့်သူ့အရှေ့ကိုလျှောက်လာပြီး...
"မင်းတော့မသိဘူး ကိုယ့်အတွက်တော့ညတုန်းက အိပ်မက်တွေအရမ်းလှခဲ့တယ်..."
မနက်စောစောစီးစီးအဆက်အစပ်မရှိတဲ့စကားတစ်ခွန်းကိုကြားရပြီးရှောင်းကျန့်တွေးနေမိပြန်တယ်။ မနေ့ကမှစတွေ့ဖူးတဲ့ဒီလူဟာသူ့ကို အရမ်းရင်းနှီးတဲ့လူတွေလိုစကားတွေပြောတယ်။
ဝမ်ရိပေါ်၏အမေးကို ရှောင်းကျန့်ကလည်းအလိုက်အထိုက်လေးဖြင့်...
"ကျွန်တော်တော့ညတုန်းက အိပ်မက်တောင်မမက်ဘူး..."
"အင်း ကောင်းတာပေါ့ အိပ်မက်မမက်တော့ အိပ်မက်ထဲဘယ်သူမှလာနှောင့်ယှက်လို့မရတော့ဘူးပေါ့...ဒါနဲ့ဘယ်သွားမလို့လဲ အစောကြီး..."
"ဟို..."
ရှောင်းကျန့်လက်ညိုးဖြင့်ကော်ရစ်တာ၏ဘယ်ဘက်ကိုထိုးလိုက် ညာဘက်ကိုထိုးလိုက် မျက်နှာကျက်ကိုထိုးပြလိုက် ကြမ်းပြင်ကိုထိုးပြလိုက်လုပ်နေတာကြောင့် ဝမ်ရိပေါ်အသံများထွက်သည်အထိခပ်ဟဟရယ်လိုက်သည်။ သူ့မျက်လုံးထဲမှာ လက်ညိုးလေးဟိုထိုးဒီထိုးလုပ်နေတဲ့ဒီလူသားဟာအရမ်းအသည်းယားဖို့ကောင်းလွန်းတယ်မဟုတ်လား။
YOU ARE READING
A pair of red shoes by the river
Fanfictionမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....