အပိုင်း(၂၅) Zawgyi

198 19 2
                                    

လှေကားမှ တစ်ထစ်ချင်း ဆင်းလာတဲ့ ခြေလှမ်းတွေနဲ့အတူ အနံ့အာရုံထဲတိုးဝင်လာတာက သင်းပျံ့လွန်းတဲ့ ကော်ဖီရနံ့။

ငယ်စဉ်ဆယ်ကျော်သက်ဘဝမှာစိတ်ကူးတွေယဉ်ခဲ့ဖူးတယ်။ အသက်နှစ်ဆယ်ကို တော်တော် ကျော်လာတဲ့ အခါကျတော့ ငယ်ငယ်က စိတ်ကူးတွေက ပိုရင့်လာတယ်။

စိတ်ကူးလေးတွေအရမ်းလှတယ်။ ကိုယ်ချစ်ရတဲ့ လူသားဟာပေါ့ အချစ်တွေပြည့်နှက်နေတဲ့ မနက်စာပြင်ပေးရင်းနဲ့ အလုပ်ရှုပ်နေမယ်။ မနက်စာပြင်ရတာကြောင့် ပင်ပန်းလို့ချွေးလေးတွေစို့လာတဲ့အခါ သူက လက်ခုံလေးနဲ့ဖွဖွလေးသုတ်ပေးမယ်။ ပြီးရင်အနမ်းလေးတွေခြွေမယ်။ သေချာပါတယ် ချစ်သူရဲ့ ကိုယ်သင်းရနံ့ဟာ ကော်ဖီချိုချိုလေးတွေကိုတောင် ဖုံးလွှမ်းလို့သွားမယ်။

သူအကြိမ်ကြိမ်ပုံဖော်ခဲ့တဲ့ မြင်ကွင်းဟာ အခုသူ့အရှေ့မှာပါပဲ။ အိပ်ရာထထ ချင်း အပေါ်ထပ်အခန်းမှာ မတွေ့မိလို့ ပူထူသွားခဲ့သမျှ အိမ်အောက်ထပ် ရောက်လာမှ အေးမြသွားခဲ့တယ်။မနေ့က စိတ်ပင်ပန်းမှုတွေများခဲ့တာတောင် မနက်အစောကြီးထလာတဲ့လူသားဟာ သူ့အတွက် မနက်စာပြင်နေတယ်။
________ __________

ကော်ဖီကိုသာ အာရုံစိုက်ဖျော်နေသည့် ရှောင်းကျန့်ကို ဝမ်ရိပေါ် အနောက်ဘက်မှနေ၍ ခါးကိုသိုင်းဖက်လိုက်ကာ ပုခုံးပေါ်မေးတင်လိုက်သည်။ရုတ်တရက်ကြီး အနောက်ဘက်မှသိုင်းဖက်လာမှုကြောင့် ရှောင်းကျန့်လန့်သွားရကာ ရယ်သံလေးစွတ်၍...

"လန့်သွားတာပဲ ရီ..."

နှုတ်မှထွက်ကျလာတော့မည့်နာမ်စားတစ်ခုကို ရှောင်းကျန့် အမြန်ထိန်းလိုက်ကာ ငြိမ်သက်မိသွား​၏။အတန်ကြာမှသိုင်းဖက်ခံထားရသည့် ကျောပြင်ကို မသိမသာမတ်လိုက်ကာ...

"နိုးလာပြီလား တိတိ...ကောကို ခဏလောက်ဖယ်ပေးဦး တော်ကြာ ကောလက်ထဲက ကော်ဖီခွက်တွေမှောက်ကျပြီး နှစ်ယောက်လုံးကို အပူလောင်ဦးမယ်..."

ယုတ္တိရှိပေမယ့် ဆင်ခြေကောင်းတစ်ခုတော့မဟုတ်။

ဝမ်ရိပေါ် ရှောင်းကျန့်ခါးတစ်ဝိုက်က သူ့လက်တွေကို ပိုလို့တင်းကြပ်လိုက်​၏။ ထို့နောက် သူ့နှာခေါင်းဖျားကို ရှောင်းကျန့်​၏ လည်တိုင်အရင်းသို့တိုးကပ်လိုက်ပြီး တစ်ဆုံးထိရှိုက်လိုက်သည်။ထို့နောက် ရှောင်းကျန့်​လည်တိုင်ရှိ မွှေးညင်းနုနုတို့ကိုကျီစယ်ဟန် လေသံတိုးတိုးဖြင့်...

A pair of red shoes by the riverOpowieści tętniące życiem. Odkryj je teraz