ကာစီနိုသီးသန့်ခန်းကြီးအပြင်ဘက်၌မောရစ်တံခါးလက်ကိုင်ကိုဆုပ်ကိုင်ထားသည်မှာ နာရီဝက်ခန့်ပင်ရှိပြီဖြစ်၏။ အထဲကအသံတွေကခုနကနှင့်ယှဉ်လိုက်ရင်အတော်ကိုငြိမ်သက်သွားပြီဖြစ်သည်။
ရှောင်းကျန့်ကောတို့ ထွက်သွားပြီးဘယ်လောက်မှမကြာသေး အခန်းကြီးထဲကနေ ပစ္စည်းများကျကွဲသံနှင့်ခုံများကျိုးကြေသံတွေကအတိုင်းသားထွက်ပေါ်လို့လာခဲ့တာ။ သူ့သူငယ်ချင်းဟာဘယ်လောက်စိတ်ကိုထိန်းချုပ်ထားရလည်းဆိုတာ ခုနကတည်းကသူရိပ်စားမိသည်။
စစ်တုရင်ကစားနေသည့်တလျှောက်လုံးရှောင်းကျန့်ကော၏မျက်နှာကိုသာစူးနစ်အောင်စိုက်ကြည့်လို့နေခဲ့တာဖြစ်သည်။ရှောင်းကျန့်ကောက သူ့အာရုံနဲ့သူဖြစ်၍သတိထားမိသည့်ပုံမပေါ်ပေမယ့် ဘေးကကြည့်နေတဲ့သူအဖို့တော့ အတော်ပင်သိသာလှသည်။
တင်းထားသောစိတ်အစုံတို့အား တစ်ယောက်သောသူကွယ်ရာမှသာ မျက်စိရှေ့ကမြင်မြင်သမျှပစ္စည်းတွေအပေါ်ပုံချနေခြင်းဖြစ်မည်။ဆယ်နှစ်ကျော်မကများပြားလှသည့်ခံစားချက်တွေကို ဘယ်ပစ္စည်းတွေကတောင့်ခံနိုင်မှာလဲ။
အတွင်းဘက်မှ လုံးဝငြိမ်သွားပြီဟုယူဆရမှသာ မောရစ်တံခါးလက်ကိုင်ကိုအသာလှည့်၍လေပူတစ်ချက်ကိုမှုတ်ထုတ်ရင်းတိတ်တဆိတ်သာဝင်လာခဲ့သည်။ဝင်လာသည်နှင့်တွေ့ရသည့်မြင်ကွင်းကြောင့် သူအလွန်စိတ်မကောင်းဖြစ်မိသည်။
အစိတ်စိတ်အမွှာမွှာကွဲကြေနေသည့် ပစ္စည်းတွေ စားပွဲခုံ ထိုင်ခုံတွေရဲ့အလယ်မှာ မျက်နှာတစ်ပြင်လုံးရဲတွတ်နေသည့်ဝမ်ရိပေါ်ကိုတွေ့၏။လက်ဖဝါးနှစ်ဖက်စလုံးအစင်းရာအခြစ်ရာတွေနှင့် သွေးစတွေစို့နေပုံထောက်ခြင်းအားဖြင့် ပစ္စည်းတွေကိုလက်ဗလာဖြင့်သာရိုက်ခွဲထားဟန်ရှိသည်။
အပေါ်ကုတ်အင်္ကျီကိုချွတ်ထားပြီးအတွင်းရှပ်အင်္ကျီအားတံတောင်ဆစ်အထိခေါက်တင်ကာ သောင်းကျန်းထားတာကြောင့် ညာလက်ဖျံအတွင်းပိုင်းတွင်သွေးတစက်စက်ကျလောက်အောင်ဖြစ်နေသည့် ကွဲရှရာကလည်းအထင်းသား။
မောရစ်ကအပျက်အစီးတွေကိုရှောင်ကွင်းကာ ဝမ်ရိပေါ်ထိုင်နေသောကြမ်းပြင်တွင် အတူထိုင်ချလိုက်ပြီးနှစ်သိမ့်သည့်အနေဖြင့်ဝမ်ရိပေါ်၏ပုခုံးကိုအသာထိကိုင်လိုက်သည်။
CZYTASZ
A pair of red shoes by the river
Fanfictionမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....