"တစ်သက်လုံးအတူတူနေရအောင်..."
"အဟွတ်...ဟွတ်..."
ဝမ်ရိပေါ်ကော်ဖီခါးသက်သက်တစ်ခွက်ကို အရသာခံသောက်နေရင်း ဆိုင်းမဆင့် ဘုံမဆင့်ကြားလိုက်ရတဲ့စကားတစ်ခွန်းကြောင့် ကော်ဖီသီးသွားရသည်။မနောက်ဘူး ကော်ဖီသီးပြီးမသေသွားတာတောင်ကံကောင်း။သူမှားပြီးကြားလိုက်တာတော့မဟုတ်ဘူးမလား။ဘာဖြစ်ကြရအောင်။
"တစ်သက်လုံးအတူတူနေကြရအောင်..."
ဝမ်ရိပေါ် ဘာမှကိုမတုံ့ပြန်နိုင်။ကော်ဖီခွက်ကိုအသာချလို့ လက်နှစ်ဖက်ကို စားပွဲခုံအောက်လျှိုသွင်းပြီးညာဘက်လက်ခုံကို ဘယ်ဘက်လက်ဖြင့် ခပ်ကြမ်းကြမ်းဖိဆွဲလိုက်သည်။ နာကျင်သောခံစားမှုကိုခံစားရကာမှ အိပ်မက်မဟုတ်မှန်းအတည်ပြုလိုက်၏။
"မကြားဘူးလား ရီယို..."
"အင်း..."
ဝမ်ရိပေါ်က မသက်မသာသက်ပြင်းတစ်ခုချကာအသံခပ်လေးလေးဖြင့်ပြောလိုက်သလိုဖြစ်သွားတာကြောင့် ရှောင်းကျန့် အလိုမကျဖြစ်မိကာ...
"အသံကဘာဖြစ်တာလဲ စိတ်မပါတဲ့ပုံမျိုးနဲ့..."
"အဲ့လိုမဟုတ်ဘူး ကိုယ်က..."
"ဘာလဲ ရီယိုက ကျွန်တော့်ကို တာဝန်မယူချင်လို့လား...အုပ်ထိန်းသူမသိအောင် ခေါ်လာတယ်ဆိုတာ ခိုးမှုမြောက်တယ်..."
"ဟင်..."
ရှောင်းကျန့် လက်ထဲက ယိုသုတ်ထားတဲ့ ပေါင်မုန့်မီးကင်တစ်ခုကိုအစားမပျက်ကာခပ်တည်တည်ဖြင့်...
"အဲ့တော့ ကျွန်တော်ကရီယို့ကို ခိုးမှုနဲ့ရဲတွေလာဖမ်းတာမမြင်ချင်တာကြောင့် ကိုယ့်ဟာကိုယ် အနစ်နာခံတယ်..."
"အင်း..."
"တအင်းအင်းပဲ လုပ်မနေနဲ့ ကျွန်တော့်ကိုရီယို တာဝန်ယူရမယ့်အကြောင်းအရင်းနောက်တစ်ခုရှိသေးတယ်...ဘာပဲပြောပြောကျွန်တော်တို့က ဘာမှမဖြစ်ရသေးတာတွေအသာထား လူတွေထင်မှာက ကျွန်တော်တို့ကြားထဲမှာ တစ်ခုခုဖြစ်ခဲ့တယ်လို့ပဲထင်မှာ...အဟမ်း...သိတယ်မလား ကျွန်တော်က အရမ်းချစ်ဖို့ကောင်းတော့ ရီယိုကဒီတိုင်းထားမှာမဟုတ်ဘူးလို့သူတို့ထင်မှာကိုပြောတာ..."
YOU ARE READING
A pair of red shoes by the river
Fanfictionမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....