လူတစ်ယောက်က သူ့ကိုအုပ်မိုးပြီးတော့ ချုပ်ထားတယ်။ ထိုလူရဲ့လက်ထဲမှာ သူရုန်းကန်အော်ဟစ်နေသလိုပဲ။ အိပ်မက်ထဲမှာ ဖြစ်၍ထင်တယ် သူ့ရဲ့အော်သံတွေကိုမည်သူမျှမကြား။ သူ့ကို ချုပ်ထားတဲ့လူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။
မက်ခဲ့ဖူးတဲ့ အိပ်မက်တွေထဲမှာ ဒီအိပ်မက်က ကြောက်ဖို့အကောင်းဆုံး။
ခေါင်းထက်ကနေ သွေးတွေစီးလာတဲ့ ထိုလူဟာ သူ့ကိုအနောက်ကနေ လက်ယက်ခေါ်နေသလိုလို။ တစ်ခုခုအော်ပြောနေသလို။ ဒါပေမယ့်အသံတွေကတိုးသထက်တိုးလျော့လာတယ်။ ဘာလို့ဆို သူထိုလူနဲ့ဝေးသထက်ဝေးရာကို ပြေးသွားလို့။ ပါလာပြန်ပြီ အဲ့ဒိရှူးဖိနပ်အနီ...တစ်ဖက်ကသူ့လက်ထဲမှာ၊တစ်ဖက်က ကျကျန်ခဲ့တယ်။
ဒီအိပ်မက်ထဲမှာလည်း သူပြေးရပြန်ပြီ မြစ်ကမ်းပါးတစ်လျှောက်။
_________ ______________ဆေးရုံတစ်ခု၏ သီးသန့်လူနာခန်းရှိ ကုတင်ပေါ်တွင် ရှောင်းကျန့် လှဲလှောင်းနေတာဖြစ်၏။ မျက်ခွံလေးများလှုပ်စိလှုပ်စိဖြစ်လာပြီး မကြာခင် မျက်လုံးပွင့်လာသည့် အခါရှောင်းကျန့်ဘေးတွင် လူနာစောင့်ပေးနေသော လော့ရန်က...
"နိုးလာပြီလား ကျန့်..."
မရင်းနှီးသော အပြင်အဆင်တွေကို ရှောင်းကျန့်ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက်...
"ကျွန်တော်ဘယ်လိုဖြစ်လို့ဒီရောက်နေတာလဲ..."
"ကျန့် မွေးနေ့ပွဲမှာမေ့လဲသွားတာ..."
"မွေးနေ့ပွဲ..."
မွေးနေ့ပွဲမှာဘာတွေဖြစ်ခဲ့လဲသူဘာတစ်ခုမှကိုပြန်မမှတ်မိ။ရှောင်းကျန့်သူ့ခေါင်းကိုအသည်းအသန်အလုပ်ပေးလိုက်ပြီး အတန်ကြာမှ...
"အာ...မွေးနေ့ပွဲ...ရီယိုရော ဘယ်မှာလဲ သူအဆင်ပြေရဲ့လား ဟိုလူရောဘာဖြစ်သွားတာလဲ ကိုကိုကရော ဘယ်မှာလဲ..."
"သူဌေးက အပြင်မှာဆေးရုံစာရွက်စာတမ်းကိစ္စတွေလုပ်နေတယ်..."
"ရီယိုရော ဟိုလူကိုတကယ် တကယ်..."
ကျန်တဲ့စကားလုံးတွေကို ရှောင်းကျန့်ပြောမထွက်တော့။
YOU ARE READING
A pair of red shoes by the river
Fanfictionမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....