"ကလောင်...ကလောင်...ကလောင်..."
ခေါင်းလောင်းထိုးသံလေးတွေကြားတော့ အရွယ်စုံလူငယ်လေးတွေ ပြေးဆင်းလာကြတာ အစုအရုန်း။
"မွေးနေ့ရှင် ကျန်းမာပါစေ ချမ်းသာပါစေ..."
ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့ လူငယ်တစ်ယောက်ရဲ့ မွေးနေ့အလှူမျိုးထင်ပါရဲ့။ ခုံတန်းရှည်လေးတွေမှာနေရာယူထားကြပြီဖြစ်တဲ့ကလေးလေးတွေက လက်အုပ်လေးတွေချီပြီးထိုလူငယ်ကိုဆုတောင်းပေးနေကြသည့်ပုံ။
ရရှိလာတဲ့လက်ဆောင်လှလှလေးတွေကြောင့် ကလေးများပျော်ရွှင်နေကြတယ်။ အဲ့ဒိအထဲမှာ ပိန်ပိန်သွယ်သွယ်လေးနဲ့လူရွယ်တစ်ယောက်လည်းပါပြီးထိုလူရွယ်ကိုသူကောင်းကောင်းသိတယ်။ ကျောပေးထားတဲ့ထိုလူရွယ်က မျက်နှာလှည့်လာတဲ့အခါမှာ သူကိုယ်တိုင်ဖြစ်လို့နေတယ်။ ထူးတော့ထူးဆန်းသား။
"ကျန့်ကော..."
အဝေးကလာတဲ့ခေါ်သံလေးနဲ့အတူ သူ့ဆီကိုပြေးလာတဲ့ဖြူဖြူလုံးလုံးကလေးလေး။ ကလေးလေးကတော်တော်ချစ်ဖို့ကောင်းမည့်ပုံလေး။ထိုကလေးရဲ့မျက်နှာလေးက ဘာကြောင့်ရယ်မသိ မြူတွေနဲ့ကွယ်လို့နေတယ်။ ထိုကလေးနောက်မှာ ထပ်ကြပ်မကွာပြေးလိုက်လာတဲ့ရွယ်တူကလေးတစ်ယောက်ကလည်းရှိသေးတယ်။ အနောက်က ကလေးက သူ့ကို နာမည်တစ်ခုခေါ်လိုက်တယ်။အနည်းငယ်အလှမ်းဝေးနေတာကြောင့်ဘာခေါ်လိုက်မှန်းသူသဲသဲကွဲကွဲမသိရဘူး။ ပြီးတော့ထိုကလေးလေးက ကပြားလေး။
သူ့မျက်လုံးထဲမှာ ထိုကလေးနှစ်ယောက်က သူ့ဆီပြေးလာတယ်။ သူ့ဆီကိုဦးတည်ပြီးပြေးလာကြပေမယ့် တဖြည်းဖြည်းပိုဝေးလို့သွားသလိုပဲ။ နီးတော့မလိုလိုနဲ့ဝေးဝေးသွားတယ်။သူနဲ့တဖြည်းဖြည်းဝေးသွားကြတဲ့ ကလေးနှစ်ယောက်ဆီကိုသူပြေးသွားဖို့လုပ်တဲ့အခါ သူ့ခြေထောက်တွေကကျောက်ရုပ်လိုလှုပ်လို့မရ။တဖြည်းဖြည်းနဲ့မြူတွေကပိုဆိုင်းလာကြပြီးတော့ မြင်ကွင်းထဲကနေ ထိုကလေးနှစ်ယောက်အပြီးပျောက်ကွယ်သွားတယ်။ သူ့ရင်တွေအရမ်းနာတယ် ပြီးတော့သူ့နှုတ်ကမစေခိုင်းပါလျက် ထွက်သွားတဲ့စာလုံးတစ်ခု...
"တိတိ..."
မြူတွေကပြန်ပျောက်သွားပြီ။ အခုတော့မျက်စိထဲမှာရှင်းရှင်းလင်းလင်းမြင်နေရတာ သူ့အရှေ့ကမြစ်တစ်စင်း။ သူ့လက်ထဲမှာ ကိုင်ထားတယ် ဖိနပ်အနီလေးတစ်စုံ။ကိုင်ထားရင်းနဲ့ပဲသူ့လက်ထဲကဖိနပ်တွေကအလိုလိုလွတ်ထွက်သွားတယ်။ သူလိုက်ကောက်တဲ့အချိန်မှာ ဖိနပ်တွေမြစ်ရေထဲမြောသွားပြီ။ မြစ်ကမ်းဘေးမှာထင်တယ် သူအရူးတစ်ယောက်လိုပြေးပြီးဆယ်ဖို့လုပ်နေတယ်။
YOU ARE READING
A pair of red shoes by the river
Fanfictionမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....