"သူဌေး...ကျန့်...ကျန့်ကို..."
လော့ရန်ဆီက ဖုန်းဝင်လာပြီးပြီးချင်း ဟန်ရင်းတစ်ယောက် ပူထူပြီးယောက်ယက်ခတ်သွားသည်။အရာရာမှာအမြော်အမြင်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လင့်ကစား ဒီလိုအခြေအနေမျိုးမှာ သူဘာမှ မတွေးနိုင်တော့။ ပြင်ဆင်ထားသော အစားအသောက်ဝိုင်းကို တွန်းတိုက်လို့ အိမ်ထဲကပြေးထွက်လာခဲ့ပေမယ့် ဘယ်ကို လိုက်ရှာရမှန်းမသိ။
ဒီလိုအရာမျိုးတွေက ရဲခေါ်လို့လည်းမဖြစ်တဲ့ အရာတွေမလို့ ဟန်ရင်း ကားစတီယာရင်ပေါ်မှာသာ ခေါင်းကို ငိုက်စိုက်ထားရင်း ဦးနှောက်ကို အသည်းအသန်အလုပ်ပေးနေရသည်။ ကြော့မော့အောင်ပြင်ဆင်ထားတဲ့ဆံပင်တွေကလည်း လက်ဖြင့် ဆွဲဖွထားခြင်းခံထားရတာကြောင့် တစ်ခဏလေးအတွင်းရှုပ်ပွသွား၏။ခုနတုန်းက ပျော်ရွှင်ခဲ့တဲ့ လူတစ်ယောက်ဟာ မိနစ်ပိုင်းလေးအတွင်းမှာ သောကပေါင်းများစွာဝင်ရောက်လာသလို။
လောလောဆယ် သူ့ခေါင်းထဲမှာ ကျန့်ကို ကယ်ရမည်ဆိုသည့်အတွေးသာရှိသည်။ ဒီအချိန်မှာ သူ့အတွေးထဲပေါ်လာတာက "ရီယို"။ ကျန့်နဲ့အနီးကပ်ဆုံးရှိတဲ့ တစ်ဦးတည်းသော လူက ရီယို။ ကျန့်ဘယ်မှာရှိလည်း ရီယိုသိလောက်တယ်။
ဟန်ရင်းသူ့ဖုန်းထဲက နာမည်တွေကြားမှ "ရီယို" ဆိုတာကို အသည်းအသန်ရှာလို့နှိပ်လိုက်သည်။မည်မျှပင်အခေါက်ပေါင်းများစွာခေါ်သော်လည်း တစ်ဖက်ကပြန်မဖြေလာ။ ဟန်ရင်း လက်တွေတုန်နေကာ မျက်ရည်တွေတောင်ကျလာသည်။ သူ့ကိုယ်သူအားမလိုအားမရဖြစ်ပြီး သူခေါင်းမှောက်ချထားသည့် ကားစတီယာရင်ပေါ်ကို လက်သီးဖြင့် သုံးလေးချက်ဆင့်ထိုးလိုက်သည်။
တကယ့်တကယ် ကျန့် အန္တရာယ်ကြုံလာရင် သူဘယ်ကိုလိုက်လို့လိုက်ရမှန်းတောင်မသိတော့။သူ့အရိပ်အောက်မှာ ရှိနေခဲ့တဲ့ အချိန်မှာသာ နေရောင်တောင်မထိနိုင်အောင် လုံခြုံမှုတွေပေးနိုင်ခဲ့ပေမယ့် ကျန့်အပြင်လောကကြီးထဲခြေဆန့်သွားတဲ့အခါ သူ့ဘက်က ဘာလုံခြုံမှုတစ်ခုမှမပေးနိုင်။
ဟန်ရင်း အသက်ကိုပုံမှန်ရှူသွင်းလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ပြန်စုစည်းလိုက်၏။ဒီအချိန်မှာသူကပြိုလဲပြနေလို့မဖြစ်ဘူး။ ကျန့်အန္တရာယ်ဖြစ်နေတဲ့အချိန်မှာသူက မားမားမတ်မတ်ရပ်တည်ပေးနိုင်ရမှာ။
YOU ARE READING
A pair of red shoes by the river
Fanfictionမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....