"သားလေး ဗိုက်ဆာနေပြီလား"
"မဆာသေးပါဘူးဗျ"
"မေမေ့သားလေးကလိမ်မာလိုက်တာ ခဏစောင့်နေအုံးနော် သားကြိုက်တဲ့ ကြက်ကုန်းဘောင်လေးကျက်တော့မှာ"
"ဟုတ်ကဲ့ပါမေမေ"
တစ်ဦးတည်းသောသားလေး စားသောက်ရန်အတွက် ဒေါ်ခင်သင်းမီးဖိုထဲတွင်သေချာချက်ပြုတ်ပေးနေ၏။
"အိမ်ရှေ့မှာကားသံကြားတယ် သားလေး "
မေမေ၏စကားကြားသော လက်ထဲတွင်ကိုင်ထားသော ခဲတံအားချကာ အိမ်ရှေ့တံခါးမကြီးဘက်သို့ ဖြိုးပီတိထသွား၏။
"ဦး ပြန်လာပြီလားဗျ"
"အေး ပီတိရေ ဒီမှာသားကြိုက်တတ်တဲ့ရေခဲမုန့်လည်းဝယ်လာတယ်"
"ဟေး ပီတိရေခဲမုန့်ကြိုက်တယ်"
သားဖြစ်သူ၏ပျော်ရွှင်ရယ်မောနေသောအသံအား ကြားလိုက်ရသော ဟင်းချက်နေရင်း ဒေါ်ခင်သင်းတစ်ယောက်ပြုံးလိုက်သည်။
"ဘာတွေချက်နေတာလဲ ခင်"
"ကြက်ကုန်းဘောင်လေ မောင့်အတွက်က အမဲသားနှပ်ပေးထားတယ်"
"ပင်ပန်းနေတော့မှာပဲ ခင်ရယ် အိမ်အကူငှားလိုက်ပါဆိုလည်းမဟုတ်ဘူး"
"မပင်ပန်းပါဘူး မောင်ရယ် အဝတ်အစားလဲရေမိုးချိုးတော့သွား"
"မနက်ဖြန်ဆေးရုံရက်ချိန်းသွားရမယ်နော် ခင်"
"အင်းပါ"
နောက်တစ်နေ့ရန်ကုန်ဆေးရုံကြီးတွင်
"ဂုဏ်ယူပါတယ် ဒေါ်ခင်သင်းမှာရင်သွေးလေးလွယ်ထားရပါပြီရှင်"
ဆရာဝန်မ၏နူတ်မှထွက်လာသော မင်္ဂလာသတင်းကြောင့် ဦးလူမော်တစ်ယောက်အပျော်ကြီးပျော်နေရှာသည်။အသက်၃၉နှစ်မှ ကလေးဖအေတစ်ယောက် ဖြစ်ရတောမည်။
"သားသားလေးလား မီးမီးလေးလားမသိဘူးနော် ခင်"
"မောင်ရယ် ခုမှကိုယ်ဝန်ကနုနုလေးရှိသေးတာကို"
"မောင်ပျော်လိုက်တာ ခင်ရယ် မောင်တို့ရဲ့ချစ်အိမ်လေးထဲမှာ ဆည်းလည်းသံလေးတွေကြားရတော့မယ်"
YOU ARE READING
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romanceဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.