ep 11
ရှိန်းဒီပါမောင် ဖြိုးပီတိအား Sakura Park သို့ခေါ်သွားသည်။ ဂျပန်-မြန်မာနှစ်နိုင်ငံပေါင်းကာဖွင့်လှစ်ထားသော ထိုပန်းခြံကြီးထဲတွင် ဂျပန်အငွေ့အသက်များရအောင်ပြင်ဆင်ပေးထားကြပြီး လူငယ်များအကြိုက်Anime world ဆိုသည့်နေရာလည်း သီးသန့်ထားရှိပေးထား၏။
"ပီတိလာသွားမယ်"
ရှိန်းဒီပါမောင် ဖြိုးပီတိ၏လက်အားဆွဲကာ ပန်းခြံကြီးထဲသို့ခေါ်သွား၏။
"ရေခဲမုန့်စားမလားပီတိ"
"ရေခဲမုန့်စားမယ်ဗျ"
"ok...ဒါဆိုကိုရှိန်းတို့ရေခဲမုန့်သွားဝယ်စားကြမယ်"
ရှိန်းဒီပါမောင်နှင့်ဖြိုးပီတိတို့နှစ်ဦး ပန်းခြံထဲတွင်ပျော်ပျော်ပါးပါးလျှောက်လှည့်ကြည့်နေချိန်
"ဟဲလိုကိုကြီးလား"
"ဘာဖြစ်လို့လဲဇိုးဝီ"
"ပီတိလေးကျောင်းမှာမရှိတော့ဘူး "
"ဘာ...အရူးလေးကဇိုးဝီနဲ့တူတူနေခဲ့တာလေ"
"ကျွန်တော်ကျောင်းအုပ်ကြီးနဲ့စကားပြောနေတုန်း ပီတိလေးပျောက်သွားတာ"
"ဟ...ဘေးနားကလူတွေလည်းမေးကြည့်ဦးလေ"
"သူတို့ပြောတာတော့လူတစ်ယောက်လာခေါ်သွားတယ်တဲ့...အဲ့ဒါကိုကြီးများလားလို့"
"ငါခုရုံးမှာလေဇိုးဝီ"
"ပီတိလေးကိုဘယ်သူလာခေါ်သွား..."
ဇိုးဝီ ရှိန်းဒီပါမောင်အားသတိရလိုက်သည်။သူမှလွဲ၍ဖြိုးပီတိအား မည်သူမျှလာရောက်ခေါ်မည်မဟုတ်။
"ဒါပဲနော်ကိုကြီးကျွန်တော်ပီတိလေးကိုလိုက်ရှာလိုက်ဦးမယ်"
"တစ်ယောက်ထဲတွေ့ပါ့မလား ကိုကြီးဝိုင်းရှာပေးရဦးမလား"
"ရတယ်...ကိုကြီးကိုယ့်ဘာသာအလုပ်အေးဆေးလုပ်နေ"
ဇိုးဝီ အရင်ဆုံးဖြိုးပီတိတို့၏အိမ်အဟောင်းဘက်သို့ ကားဖြင့်သွားရှာသောလည်း မတွေ့။စဥ်းစားရခက်သည် ရှိန်းဒီပါမောင် ဖြိုးပီတိအား ဘယ်နေရာကိုခေါ်သွားနိုင်မည်ဆိုတာလည်း ဇိုးဝီမခန့်မှန်းနိုင်။
KAMU SEDANG MEMBACA
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romansaဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.