"ဘယ်သွားမလို့လဲ ဇိုအီ"
"မာမီသားသူငယ်ချင်းတစ်ခုခုဖြစ်တော့မယ်။သူ့ဆီသားသွားချင်တယ်"
"ဇိုအီဘာတွေပြောနေတာလဲ။သားမှာဘယ်ကသူငယ်ချင်းရှိလို့လဲ"
"မာမီရယ်သားကိုသွားခွင့်ပြုပါ"
ဇိုအီ မိခင်ဖြစ်သူ၏လက်နှစ်ဖက်အားဆုပ်ကိုင်လိုက်ပြီးခွင့်တောင်းသောလည်း မိခင်မှာခွင့်ပြုမည့်ပုံမပေါ်ပေ။တဒင်္ဂလေးအတွင်း ဇိုအီမိခင်၏လက်အားဖြုတ်ချပြီး
"မာမီတားလည်းသားရအောင်သွားမယ်"
ဇိုအီ Hotel အဝင်ပေါက်ဘက်ဆီသို့အမြန်ပြေးထွက်သွားပြီး ကားလမ်းမပေါ်တက်ကာ Taxi တစ်စီးတားလိုက်၏။
mobile phone မှမင်းဒီပါမောင်အား အဆက်မပြတ်ဖုန်းခေါ်နေသောလည်း မင်းဒီပါမောင်လုံးဝဖုန်းမကိုင်သေး။
ဖုန်းသံမကြာခဏဆူညံစွာမြည်နေသောကြောင့် မင်းဒီပါမောင် ဘုရားစင်ရှေ့မှထကာ မိမိအခန်းဘက်သို့ပြန်လာ၏။"ဟဲလိုကိုကြီး"
"ညီလေးခုချက်ချင်းအိမ်ကနေပြေးတော့။မင်းကိုဒုက္ခပေးဖို့ လူနှစ်ယောက်လာနေတယ်"
အခန်းလိုက်ကာစအားအနည်းငယ်ဖယ်ကာ ခြံကြီး၏အဝသို့လှမ်းကြည့်လိုက်သော ကားမီးဟုထင်ရသောအလင်းရောင်အားတွေ့မြင်လိုက်ရသည်။
"ဟုတ်ကိုကြီး...အဲ့တာဆိုခုဖုန်းချလိုက်တော့မယ်နော်"
မင်းဒီပါမောင်ဖုန်းချလိုက်သည်။
"ဒီကောင်လေးသူ့ဘာသာပြောပြီးဖုန်းချသွားတယ်။ဟို ဦးလေးနည်းနည်းမြန်မြန်လေးမောင်းပေးပါနော်အရေးကြီးလို့ပါ"
ဗားနီးတက်စ်စံအိမ်ကြီး၏ လုံခြုံရေးစနစ်သည်ထင်ထားသည်ထက်ပို၍ အဆင့်မြင့်၏။မင်းဒီပါမောင်အားပြန်လာဖမ်းသောထိုလူနှစ်ယောက်မှာ ခြံတွင်းသို့ဝင်စရာအပေါက်တစ်ပေါက်မျှကိုမမြင်ကြသေးပါ။
"မင်းပြောတော့လွယ်လွယ်လေးဆိုကလေးလေးတစ်ယောက်ထဲဆို။ခုတော့ အိမ်ထဲဝင်ဖို့အပေါက်တောင်ရှာမတွေ့ဘူး"
"မင်းတိတ်တိတ်နေစမ်းပါငါရှာနေပါတယ်"
သို့သောလည်းပြီးပြည့်စုံသောအရာဟူမရှိ။ဥယျာဥ်၏ဘေးတွင်ကာထားသောတံတိုင်းမှာ လျှပ်စစ်ကြိုးလွှတ်ထားသောနေရာမရှိပေ။ခြံစည်းရိုးတိုင်း၏အပေါ်တွင် လျှပ်စစ်လွှတ်ထားသော ကြိုးများရှိသောလည်း ရှိန်းဒီပါမောင်သည်ဥယျာဥ်ထဲတွင်အမြဲတစေကစားတတ်သောကြောင့် စိုးရိမ်လွန်သောဖခင်ကြီးဖြုတ်ထားခြင်းဖြစ်သည်။
YOU ARE READING
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romanceဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.