ဖြိုးပီတိတို့တည်းနေသော အပန်းဖြေစံအိမ်နှင့်အနီးရှိHotelတစ်ခုတွင် မင်းဒီပါမောင်နှင့်ရှိန်းဒီပါမောင်တို့တည်းခိုကြသည်။
ရှိန်းဒီပါမောင်ကြောင့် မနက်စောစောပင်ငပလီသို့ရောက်လာခဲ့ကြခဲ့ပြီ။ရှိန်းမှာတော့ခရီးပန်းကာ အခန်းထဲတွင်နားလေ၏။မင်းဒီပါမောင် ရောက်လက်စနှင့်စိတ်အပန်းဖြေရန်ခေတ္တနားပြီးသော ပင်လယ်ကမ်းခြေဘက်သို့လမ်းလျှောက်ထွက်လာ၏။ဇိုအီတစ်ယောက်ညကအပြင်ဘက်တွင်သာအိပ်ပျော်သွားခဲ့သည်။မနက်စောစောနိုးပြီး ရေချိူးပြီးသော ဇိုးဝီအားသွားနှိုး၏။အခန်းတံခါးအားဖွင့်လိုက်သော ဇိုးဝီ၏ရင်ခွင်ထဲတွင် ဖြိုးပီတိတစ်ယောက်ကလေးငယ်သဖွယ်အိပ်ပျော်နေသည်။ညက လရောင်ချော့တေးဆိုသောသီချင်းလေးအား ဇိုးဝီကသီဆိုကာဖြိုးပီတိမှတယောကလေးထိုးနေခဲ့ပုံအား ဇိုအီပြန်မြင်ယောင်နေသေးသည်။
အခန်းထဲဝင်ပြီး ဇိုးဝီ၏ပခုံးအားကိုင်လူပ်လိုက်ပြီး"ဇိုးဝီ ကိုကြီးပင်လယ်ဖက်လမ်းလျှောက်လိုက်ဦးမယ်"
"အင်း"
မျက်လုံးတောင်မဖွင့်ခဲ့ပါ။သူ၏လက်နှစ်ဖက်ဖြိုးပီတိလေးအား ပွေ့ဖက်ထားကာပြန်ဖြေ၏။
ဇိုအီလည်း ကမ်းခြေဘက်သို့ဆင်းလာခဲ့တော့သည်။မနက်စောစောမို့ကမ်းခြေတွင်လေ့ကျင့်ခန်းလုပ်သူများ၊လမ်းလျှောက်သူများမှာထူ၏။ ဇိုအီလည်း ကိုယ်လက်လူပ်ရှားကာလမ်းလျှောက်နေရင်း တဖြည်းဖြည်းအရှိန်တင်ကာပြေးတော့သည်။
ပင်လယ်နှင့်မျက်နှာချင်းဆိုင်တွင်မတ်တပ်ရပ်နေမိခဲ့သည်။မွန်းကြပ်နေခဲ့သောအချိန်များကိုမေ့ကာ ပင်လယ်ရေပြင်ပေါ်သို့ရိုက်ခတ်ကာတိုက်ခတ်လာသော လေအေးလေးအားတစ်ဝကြီးရှူသွင်းပစ်လိုက်သည်။ခပ်သဲ့သဲ့ကြားနေရသော လှိုင်းသံကြောင့်လည်းနားဝင်အေးခဲ့ရသေးသည်။မင်းဒီပါမောင် မတ်တပ်စုံရပ်ကာပင်လယ်လေအားဝဝကြီးရှူရှိုက်နေ၏။
မလှမ်းမကမ်းမှာထပ်ကာမြင်ရပြန်ခဲ့လေပြီ။ပြေးနေသောခြေထောက်များမှာလည်း တဖြည်းဖြည်းအရှိန်လျော့သွားခဲ့၏။ဘာကြောင့်များသူ၏ကျောပြင်ကိုခုထိမမေ့နိုင်သေးရတာလဲ။ဘာကြောင့်များ ခပ်ဝေးဝေးမှမြင်လိုက်ရတာနဲ့သူမှန်းနှလုံးသားကအလိုလိုသိနေခဲ့ရတာလဲ။သူ့အနားကိုလျှောက်သွားမိပြီ။မိမိ၏စိတ်နှလုံးသားမှာလည်း သူမှန်းသိနေခဲ့ပြီ။သူရဲ့ပခုံးပေါ်ကို လက်ကလေးတင်ကာခေါ်မိပြန်ပြီပေါ့
ESTÁS LEYENDO
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romanceဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.