လွန်ခဲ့သော ၁၃ နှစ် Royal Boy School တွင် နှစ်တစ်နှစ်၏အစောဆုံးကျောင်းတက်ရက်"ကားအဆင်သင့်ဖြစ်နေပါပြီ Boss "
"သားတို့ရေကားအဆင်သင့်ဖြစ်နေပြီတဲ့ သွက်သွက်လပ်လပ်လုပ်ကြ"
ဇိုအီ အဆင်သင့်ဖြစ်နေသော မိမိ၏ကျောင်းလွယ်အိတ်အားကောက်လွယ်လိုက်သည်။
"ကိုကြီး သားကျောင်းမသွားချင်ဘူး အဟင့်"
"ဇိုးဝီ ကျောင်းမတက်ရင်ဒယ်ဒီဆူလိမ့်မယ်နော် ငိုမနေနဲ့လာသွားမယ်"
ဇိုအီ ညီငယ်ဇိုးဝီ၏လက်အားဆွဲကာ အခန်းထဲမှထွက်လာခဲ့သည်။
"သား ကျောင်းမှာစာကောင်းကောင်းသင်ခဲ့နော်"
"ဟုတ်မာမီ"
"မာမီသားကျောင်းမတက်ချင်ဘူး"
"သားငယ် သားဒယ်ဒီဆူမှာပေါ့...ကယ်သွားကြတော့ ကားစောင့်နေတယ်"
မျက်နှာဆူဆူပုတ်ပုတ်နှင့် ကျောင်းသွားရတော့သည်။
အသက်၁၂နှစ်အရွယ်ဇိုအီနှင့်၁၀နှစ်အရွယ်ဇိုးဝီတို့ အိမ်မှလိုက်ပို့ပေးသော ကားဖြင့်ကျောင်းအားရောက်လာတော့သည်။ မြန်မာနှင့်အင်္ဂလိပ်ကပြားမွေးထားသော ညီအစ်ကိုနှစ်ယောက်သည် ကျောင်းတစ်ဝန်းလုံး၏အာရုံစိုက်မှုအားရရှိလိုက်သည်။ ပြာလဲ့လဲ့မျက်ဝန်းခမ်းညားသောအရပ်အမောင်းနှင့်ဝတ်စားမှုများကြောင့် ထို့ပြင် ကျောင်းတွင်ရှယ်ယာအများဆုံးLuna Group ၏သားနှစ်ယောက်ဖြစ်သောကြောင့်လည်းဖြစ်မည်။"ကယ်...ဇိုးဝီကို့စာသင်ခန်းကိုသွားတော့"
"ကိုကြီးလိုက်ပို့ပေး...ဇိုးဝီတစ်ယောက်ထဲမသွားချင်ဘူး"
"ဇိုးဝီ..."
လက်အားလွှတ်မပေး။ဇိုးဝီအစ်ကိုဖြစ်သူ၏လက်အား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။
ဇိုအီတစ်ယောက် လူများဝိုင်းကြည့်နေကြသော ဇိုးဝီအားလက်ဆွဲကာ လိုက်ပို့ပေးရတော့သည်။Grade 6 (A) ထိုအခန်းရှေ့ရောက်သော
"ဒီမှာရောက်ပြီအခန်းထဲသွားတော့"
"ကိုကြီး ကျောင်းဆင်းရင်သားကိုလာခေါ်နော်"
"အေးအေး"
ESTÁS LEYENDO
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romanceဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.