Royal Boy School တွင်အားကစားပြိုင်ပွဲကျင်းပရန် ဆွေးနွေးစီစဥ်နေကြသည်။
မိဘများထံပြန်လည်ပေးရန် ဖိတ်စာများဝေလိုက်ကြ၏။"သား မင်းဒီပါမောင်ကအိမ်မှာမိဘတွေမရှိလည်း အုပ်ထိန်းသူနေရာကတစ်ယောက်ယောက်လာလည်းရတယ်နော်"
"ဟုတ်ဆရာမ"
ဖိတ်စာပြန်ပေးရန် အိမ်တွင်မိဘမရှိခဲ့ပါ။မင်းဒီပါမောင်ဆရာမပေးလိုက်သော ဖိတ်စာကလေးအားကျောပိုးအိတ်ထဲထည့်ကာထားလိုက်သည်။
နေ့လည်ထမင်းစားကျောင်းဆင်းချိန် မရောက်တာကြာပြီဖြစ်သော တောအုပ်လေးထဲသို့မင်းဒီပါမောင်လမ်းလျှောက်သွား၏။
ထုံးစံအတိုင်း ဇိုအီထိုနေရာတွင်ရှိနေသည်။"ကိုကြီး "
"ဒီနေ့ညီလေးကျောင်းလာတယ်ပေါ့"
"ဟုတ်ကိုကြီး...ကိုကြီးထမင်းစားပြီးပြီလား"
"ဒီမှာအသားညှပ်ပါမုန့်စားနေတာထမင်းမစားချင်လို့"
ဇိုအီ မင်းဒီပါမောင် ဆီသို့ ready made အသားညှပ်ပေါင်မုန့်ထုပ်ကလေးပစ်ပေးလိုက်၏။
"ထမင်းမစားဘူးမှတ်လား...စားလိုက်"
မင်းဒီပါမောင် ဇိုအီအနားဝင်ထိုင်ကာ အသားညှပ်ပေါင်မုန့်လေးများတစ်ကိုက်စားလိုက်သည်။
"အရင်နေ့တွေကဘာလို့မလာတာလဲ"
"အိမ်ကကျောင်းမသွားခိုင်းလို့ပါကိုကြီး"
ကျောပိုးအိတ်တွင်းမှဘောပင်တစ်ချောင်းအားထုတ်ပြီး မင်းဒီပါမောင်၏လက်ကောက်ဝတ်နားတွင် ချရေးပေးလိုက်သည်မှာ
"ဒါငါ့ဖုန်းနောက်မင်းကျောင်းမလာရင်ဖုန်းဆက်ကြားလား"
"ဟုတ်ကိုကြီး"
cola တစ်ကျိုက်မော့ပြီး ဇိုအီထရပ်လိုက်သည်။
"သွားတော့မယ်ခဏနေကျောင်းပြန်တက်တော့မှာ...နေကောင်းအောင်နေ"
မင်းဒီပါမောင်၏ခေါင်းကလေးအားပုတ်ပြီး ဇိုအီကျောင်းထဲသို့ပြန်ဝင်သွားတော့သည်။
ဗားနီးတက်စ်စံအိမ်ကြီးတွင် တစ်ယောက်ထဲကြီးမားလှသောထမင်းစားပွဲကြီးနှင့် တစ်ယောက်ထဲညစာစားနေရသော မင်းဒီပါမောင်အတွက် အထီးကျန်လှသည်ဟူသောစကားမှာ ထွေထွေထူးထူးပြောစရာမလိုတော့ပါ။
YOU ARE READING
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romanceဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.