"မာမီ သားစာမေးပွဲအတွင်းကြက်ဥ၊ဘဲဥဟင်းမကျွေးနဲ့နော် "
"ဘာလို့လည်းသား"
"သူငယ်ချင်းတွေပြောကြတယ်။စာမေးပွဲဖြေရင်ကြက်ဥ၊ဘဲဥမစားရဘူးတဲ့။ဘဲဥမကွဲဖြစ်တတ်တယ်တဲ့"
"ဘာမှမဆိုင်ပါဘူးသားရယ်"
"ဇိုးဝီကစိုးရိမ်လွန်နေတာ။ကိုကြီးတုန်းကဆိုစာမေးပွဲဖြေခါနီးတောင်အားရှိအောင်ကြက်ဥပြုတ်စားတာ"
"ဟုတ်လို့လား"
"အင်းပေါ့"
"သား ဇိုအီကဘယ်သွားမလို့လဲ"
"ဟို သားဇိုးဝီကိုလိုက်စောင့်ပေးမလို့မာမီ"
"မာမီလိုက်သွားလိုက်မယ်လေ"
"မာမီအိမ်မှာနားပါ။သားလိုက်သွားလိုက်မယ်နော်"
"အင်းအင်းသားလိုက်မယ်ဆိုလည်းလိုက်သွား"
ဇိုအီ ညီဖြစ်သူဇိုးဝီစာမေးပွဲဖြေမည့်ရက် ကျောင်းသို့လိုက်စောင့်ပေး၏။ အကြံမှာတော့အနားသတ်မျဥ်းတားစရာမလိုအောင် တိကျလွန်းသည်။မင်းဒီပါမောင်အားလည်း မြင်နိုင်ခွင့်ရှိမည် ညီဖြစ်သူအားလည်းလိုက်စောင့်ပေးနိုင်မည်။
"ကိုကြီး လျှောက်သွားမနေနဲ့အုံးနော်"
"ငါသိပါတယ်ကွာ။မင်းဘာသာစာကိုသေချာဖြေခဲ့"
"ဒါပေမဲ့ခုချိန်စာမေးပွဲခန်းနားသွားနေဖို့ကစောသေးတယ်"
"မစောတော့ဘူးသွားသွားဟိုမှာသူငယ်ချင်းတွေနဲ့ စာတွေဘာတွေဆွေးနွေး"
"အတင်းကိုနှင်လွှတ်နေတယ်"
"ကယ်သွားတော့ "
ဇိုးဝီစာမေးပွဲဖြေဆိုမည့်စာသင်ခန်းဆီသို့ထွက်သွားသော ဇိုအီ၏ခြေလှမ်းသည်ရုတ်တရက်ချက်ချင်း မင်းဒီပါမောင်စာဖြေခန်းဘက်သို့ရောက်သွားတော့သည်။ခပ်လှမ်းလှမ်းမှမြင်လိုက်ရ၏။သူ၏အနားတွင်လည်း အမြဲအရိပ်သဖွယ်ရှိနေကျထောင်ထောင်မောင်းမောင်းနှင့်လူရှိနေပြန်သည်။
ဇိုအီ ခပ်တည်တည်နှင့်မင်းဒီပါမောင်အနားလျှောက်သွား၏။"ဒီကညီလေးကဘယ်စာဖြေခန်းကျတာလဲ"
မင်းဒီပါမောင် ဇိုအီအားမော့ကြည့်လိုက်ပြီး
ESTÁS LEYENDO
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romanceဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.