ညလေညင်းတဖြူးဖြူးတိုက်ခတ်နေသော ပင်လယ်ပြင်နှင့်မျက်နှာချင်းဆိုင်ထိုင်နေပြီး သာယာအေးချမ်းသောညချမ်းတစ်ခုအား ဇိုအီတို့အတူတူခံစားနေကြသည်။
"ဟိုးကောင်းကင်ပေါ်ကလင်းနေတဲ့ကြယ်လေးတွေထဲမှာ မေမေရှိလားဟင်"
ဖြိုးပီတိ ကောင်းကင်အားလက်ညှိုးထိုးပြပြီးဇိုးဝီအားမေး၏။
"ရှိတာပေါ့ပီတိလေးရဲ့။ဟိုးမှာမြင်လားလင်းနေတဲ့ကြယ်လေးအဲ့တာ ပီတိလေးရဲ့မေမေပေါ့"
ဇိုးဝီ ဖြိုးပီတိ၏ဦးခေါင်းကလေးအားပွတ်သပ်ကာပြောလိုက်သည်။
"မေမေပီတိကိုကြည့်နေလား။ပီတိကိုကိုနဲ့တူတူပင်လယ်ရောက်နေတယ်ဗျ"
လက်ကလေးဝေ့ကာယမ်းကာ ကောင်းကင်အားမော့ကြည့်ရင်း ဖြိုးပီတိပြော၏။
"အရူးလေး ကိုကြီးအရူးလေးရဲ့တယောသံလေးနားထောင်ချင်လို့ တယောထိုးပြပါလား"
"တယောသွားပြန်ယူလိုက်မယ်ဗျ။ပီတိတယောထိုးပြမယ်ဗျ"
ဖြိုးပီတိ ပေါ့ပါးစွာထပြီးအိမ်ဘက်သို့ပြန်ပြေးသွားသည်။
"ကိုကြီး"
"အင်း"
"ကိုကြီးပီတိလေးကိုမမှတ်မိဘူးလား"
"ဟင် ကိုကြီးနဲ့ပီတိကခုမှတွေ့ဖူးတာမဟုတ်ဘူးလား"
"ထင်ပါတယ်ကိုကြီးမမှတ်မိလောက်ဘူးလို့။ကိုကြီးရဲ့အသက်၁၃နှစ်ပြည့်မွေးနေ့တုန်းက ကျွန်တော်တို့မသန်စွမ်းကျောင်းတစ်ခုကို အလှူသွားလုပ်ခဲ့ကြတာလေ"
"အင်း"
"အဲ့တုန်းကကိုကြီးနဲ့ကျွန်တော်ကိုဝင်တိုက်ခဲ့တဲ့ကလေးလေးတစ်ယောက်ကိုမှတ်မိလား။သူ့လက်ထဲမှာတယောလေးကိုင်ထားခဲ့တယ်လေ"
ဇိုအီပြန်လည်ကာစဥ်းစားမိကာမှ မှတ်မိသွား၏။
"အဲ့ကလေးလေးကခုအရူးလေးပေါ့"
"အင်း"
"ဟာ...ဒီကလေးကတကယ်တယောထိုးတတ်နေပြီပေါ့"
"တယောသံကတော့ကိုကြီးကြားတဲ့အတိုင်းပဲ"
"တကယ်မထင်ခဲ့ဘူးအဲ့ကလေးလေးကအရူးလေးဖြစ်နေလိမ့်မယ်လို့"
YOU ARE READING
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romanceဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.