ဘောင်းဘီအိတ်ထဲရှိ ဖုန်းမှာ ringtone သံကြောင့်တုန်ခါလာ၏။ မင်းဒီပါမောင် ဖုန်းအားထုတ်ကိုင်လိုက်သည်။
"အင်း ရှိန်းပြော"
"ကိုကြီးဘယ်သွားနေတာလဲ"
"အပြင်ခဏလမ်းလျှောက်နေတာ ခုပြန်လာခဲ့မယ်နော်"
စကားတစ်ခွန်းမှမပြောဘဲ လှည့်ထွက်ပြန်သောအခါ ဇိုအီသည်လက်အားဆွဲကာကိုင်ထားလိုက်ပြန်သည်။
"ကိုယ့်ကိုစကားလေးတစ်ခွန်းတောင်ပြောဖို့မရှိဘူးလားဟင်"
ခေါင်းကလေးခါပြပြီး ထိုနေရာမှလှည့်ထွက်ပြန်လာခဲ့မိတော့သည်။
"ကိုကို...ကိုကို"
"ဗျာ...ပီတိလေးဘာလိုချင်လို့လဲ"
"ပီတိဗိုက်ဆာတယ်ဗျ"
"ဟုတ်လား ဒါဆိုကိုကိုပန်ကိတ်လုပ်ပေးမယ်နော်"
"ဟုတ်ကဲ့ဗျ"
မီးဖိုချောင်ထဲ ဖြိုးပီတိစားရန်ပန်ကိတ်လုပ်ပေးရင် အလုပ်ရှုပ်နေသော ဇိုးဝီအား ဖြိုးပီတိထိုင်ခုံတွင်ငြိမ်ငြိမ်လေးထိုင်ကာ ထိုင်ကြည့်နေ၏။
"ဟာ ပန်ကိတ်အနံ့ပါလားမွှေးနေတာပဲ"
ဇိုအီ မီးဖိုချောင်ထဲဝင်လာ၏။ခုံပေါ်တွင်ထိုင်နေသော ဖြိုးပီတိအားမြင်ပြီး ခေါင်းကလေးပုတ်ကာ
သူပါဝင်ထိုင်လိုက်သည်။"အရူးလေးကပန်ကိတ်စားချင်လို့လား"
"ဟုတ်ပီတိဗိုက်ဆာလို့ပါဗျ"
"ကိုကြီး ပီတိလေးကိုအရူးလေးလို့မခေါ်ပါနဲ့ဆို"
"ဒီမှာသုံးယောက်ထဲရှိနေလို့ခေါ်တာလေကွာ"
စားပွဲပေါ်သို့ပျားရည်ဆမ်းထားသော ပန်ကိတ်လေးအားဇိုးဝီချပေးလိုက်သည်။ဖြိုးပီတိပန်ကိတ်လေးအား သေချာဓားနှင့်လှီးပြီးခရင်းနှင့်ကျကျနနစားနေသည်ကိုကြည့်ရင်း ဇိုးဝီအသည်းများတယားယားနှင့်...
"ဒါစားပြီးရင် ကိုကိုနဲ့စက်ဘီးလျှောက်စီးမယ်နော်ပီတိလေး"
"ဟုတ်ကိုကို"
"စက်ဘီးကဘယ်မှာလဲ ဇိုးဝီ"
"ဝယ်ထားပြီးပြီကိုကြီးခဏနေလာပို့ပေးလိမ့်မယ်"
KAMU SEDANG MEMBACA
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romansaဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.