ep 5
"ရှိန်း...ရှိန်း...တံခါးလာဖွင့်နော်..မဖွင့်ရင်တံခါးဖျက်ဝင်လာမှာ"
မင်းဒီပါမောင် တံခါးအားထုနေလျက်
"ရှိန်း...ဘာဖြစ်လာတာလည်း အခန်းအပြင်ထွက်ခဲ့အုံး မဟုတ်ရင်နောက်ပေးမထွက်ဘူးနော်"
ရှိန်းဒီပါမောင် အခန်းတံခါးအားဖွင့်ပေးလိုက်သည်။
"ဘာဖြစ်လာတာလည်း "
"ကိုကြီး"
"အင်းပြော"
"ကျွန်တော် ကောင်လေးတစ်ယောက်ကိုလိုချင်တယ်"
မင်းဒီပါမောင် လက်နှစ်ဖက်အားပိုက်လိုက်ပြီး
"ရှိန်းတကယ်ပြောနေတာလား"
"ကျွန်တော် ကိုကြီးဆီမှာဘယ်တုန်းကခုလိုပူဆာဖူးလို့လည်း"
"နေပါအုံး အဲ့ကောင်လေးကိုရှိန်းကဘာလို့လိုချင်တာတုန်း"
"မသိဘူးဗျာ...ကျွန်တော်ဖြိုးပီတိကိုလိုချင်တယ်"
"နာမည်ကဖြိုးပီတိတဲ့လား"
"ဟုတ်တယ်.."
"လူတစ်ယောက်ဆိုတာ သက်မဲ့အရာပစ္စည်းလေးတွေလို ငွေပေးပြီးလွယ်လွယ်နဲ့ဝယ်လို့မှမရတာ ရှိန်းရဲ့"
"မသိဘူးဗျာ ကျွန်တော်သူ့ကိုအပိုင်လိုချင်တယ်"
"ခက်လိုက်တာရှိန်းရာ... ကယ်ကယ်...ကိုကြီးကြိုးစားပေးမယ်"
~~~~~
ညနေရေမိုးချိူးပြီးသော ဖြိုးပီတိညစာစားရန်အောက်ထပ်သို့ဆင်းလား၏။
"ပီတိလေးရေချိူးပြီးပြီလား"
"ဟုတ်ချိူးပြီးပါပြီဗျ"
ဖြိုးပီတိ အိမ်ထဲဝေ့ကာဝှိုက်ကာကြည့်ပြီး
"ကိုကိုဘယ်သွားနေတာလည်းဗျ"
"ပီတိလေးအတွက် ရေခဲမုန့်ကုန်သွားလို့သွားဝယ်ပေးနေတာ... ပီတိလေးဗိုက်ဆာနေပြီလား"
"မစာသေးပါဘူးဗျ...ကိုကိုနဲ့တူတူစားမှာပါဗျ"
"ကယ်...အဲ့တာဆိုလည်းကိုကိုပြန်လာတဲ့အထိစောင့်နေလိုက်နော်"
KAMU SEDANG MEMBACA
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romansaဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.