မင်းဒီပါမောင် အဆောက်အအုံထဲသို့ထင်သွားသည်။ထိုအဆောက်အအုံထဲမှာလည်းမှောင်မဲနေခဲ့၏။မင်းဒီပါမောင်ဝင်လာသော ရုတ်တရက်မီးများထလင်းလာသည်။လူတစ်စုများလည်းလက်ထဲတွင်တုတ်များကိုင်ထားသေး၏။
“မင်းညီကိုငါခေါ်လာပြီး ပီတိလေးနဲ့ဟိုကောင်လေးကိုပြန်လွှတ်ပေးလိုက်”
ထိုစဉ် တုတ် ကိုင်ထားသောလူများကြားမှတောင့်တင်းသောကိုယ်နှင့်လူတစ်ယောက်ထွက်လာသည်။
“ကိုကြီး”
ဂျေဂျေထိုလူအားမြင်သောပြေးကာဖက်ချင်သောလည်း သူ၏ခြေထောက်မှာတော့အရင်လိုလွယ်ကူစွာမလူပ်ရှားနိုင်။MKသည်သတိထားမိလိုက်၏။
“မင်းငါ့ညီခြေထောက်ကိုဘာလုပ်ထားတာလဲ”
“ကားမတော်ဆတဖြစ်ရင်းသူ့ဘာသာမသန်စွမ်းဖြစ်သွားတာ မင်းသေချာစုံစမ်းခဲ့မယ်ဆိုမင်းညီဟာလူသတ်သမားတစ်ယောက်ဖြစ်နေတာကိုလည်းသိမှာပေါ့”
“ဟေ့ကောင်တွေငါ့ညီကိုသွားခေါ်ခဲ့”
လူနှစ်ယောက်ရှေ့တိုးလာသော“ပီတိလေးကိုပြန်လွှတ်ပေးပြီးမှမင်းညီကိုပေးမယ်”
“ဟိုကောင်လေးကိုသွားခေါ်လာခဲ့”
တစ်ဖက်အခန်းထဲမှရေခဲမုန့်များပေကျံနေသောဖြိုးပီတိလေးအားဆွဲခေါ်လာသည်။
“နောက်တစ်ယောက်ရော”
“ဪ…နောက်တစ်ယောက်ကငါမှမလိုတာခေါ်လာစရာလား”
“မင်းသူ့ကိုဘာလုပ်လိုက်”
“ဘာမှမလုပ်ပါဘူးသူ့ကိုဘေးကင်းမဲ့နေရာမှာထားထားခဲ့ပါတယ်”
စိတ်ဆန္ဒပြင်းပြစွာအစ်ကိုဖြစ်သူ၏ကားအားခြေရာခံမိသောနောက်သို့ရှိန်းဒီပါမောင် ကိုစစ်နှင့်အတူလိုက်လာခဲ့သည်။တစ်ဖက်တွင်လည်းသားဇောကြောင့်ဒေါ်Lunaမှာကုတင်ပေါ်တွင်လဲနေရသည်။
ခေါင်းမှာအနည်းငယ်မူးနေသေးသောကြောင့်ချက်ချင်းမထနိုင်ခဲ့။မိမိခေါင်းအားလက်ဖြင့်ကိုင်ထားရင်ကြိုးစားကာမျက်လုံးဖွင့်
ကြည့်လိုက်သည်။မိမိနှင့်မရင်းနှီးသောနေရာတစ်ခု။ထိုပြင်အနားတွင်လည်းမိန်းမများဝိုင်းနေသည်။
VOUS LISEZ
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Roman d'amourဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.