ep 4
တက္ကစီတစ်စီးအားငှားကာ မိမိအိမ်လိပ်စာအတိုင်းမောင်းနှင်ပေးရန် ဖြိုးပီတိပြောလိုက်သည်။ တက္ကစီသမားလည်း ဖြိုးပီတိပြောသည့်အိမ်လိပ်စာအတိုင်းမောင်းကာပို့ပေးတော့သည်။
"ဟေ့ ကောင်လေး တက္ကစီခပေးအုံးလေ"
ကားပေါ်မှဆင်းသွားသော ဖြိုးပီတိ နောက်ပြန်လှည့်ကာ ဇိုးဝီပေးထားသော Black card အားထုတ်ပေးလိုက်သည်။
"ဟာ ကောင်လေးငွေသားနဲ့ရှင်းလေ ဦးလေးကဒီcard ကြီးဘာလုပ်ရမှာလည်း"
မငြိမ်မသက်ဖြစ်နေသော ဖြိူးပီတိ၏ကိုယ်အနေအထား လက်တွင်ပတ်ထားသော Autism logoပါလက်ပတ်အားမြင်ကာ တက္ကစီသမားဦးလေးသည် ဖြိုးပီတိအား Autism ကလေးငယ်တစ်ယောက်မှန်းသိသွားခဲ့သည်။
"ငါလည်းကံကိုဆိုးပါတယ် လာပြီးကျပ်မပြည့်တဲ့ခရီးသည်နဲ့လာတွေ့နေတယ်"
တက္ကဆီဦးလေးကြီးစကားငြီးငြူလျက်ကားအား မောင်းထွက်သွားတော့သည်။ ဖြိုးပီတိ မိမိအိမ်ခြံရှေ့တည့်တည့်တွင် မတ်တပ်ရပ်နေပြီး ခြံကြီးအားတမေ့တမောကြည်နေ၏။ "မေမေ မေမေ"ဟုနူတ်မှလည်း တဖွဖွခေါ်နေရှာသေးသည်။ အိမ်ကြီး၏ခြံထားသည်လည်း သော့ခတ်ထားသည်။ခြံကြီးထဲတွင်လည်း သစ်ရွက်ခြောက်များနှင့်ရူပ်ပွနေသည်။
"ပီတိအိမ်ပြန်လာပါပြီဗျ ပီတိကိုတံခါးဖွင့်ပေးပါဗျ"
ခြံတံခါးအား တဝုန်းဝုန်းမြည်အောင်ထုရင်း ဖြိုးပီတိအော်သာအော်နေလေတော့သည်။
~~~~~
"ပီတိလေးရော မာမီ"
ဇိုးဝီ အိမ်ပြန်ရောက်ရောက်ချင်းမေးလိုက်သည်မှာ ဖြိုးပီတိကိုပင် မျက်စိရှေ့တွင်မြင်နေရသော အစ်ကိုအရင်းကိုကျော်ကာ ဖြိုးပီတိအားမေးလိုက်သည်။
"ဇိုးဝီ မင်းကလည်းအစ်ကိုတစ်ယောက်လုံးကို အရှေ့မှာထားပြီး ဘယ်သူ့ကိုမေးနေတာလည်း"
"အကျင့်ဖြစ်နေလို့ပါ ကိုကြီးရာ ခုအပြီးပြန်လာတာလား"
"အေး"
ဒေါ်Luna အိမ်ထဲတွင် ဖြိုးပီတိအားရှာသောလည်း အသံပင်မကြားရ။
YOU ARE READING
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romanceဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.