ဖြိုးပီတိအား ဆေးလိမ်းပေးချော့မြူပြီး ဇိုးဝီသိပ်ထားလိုက်သည်။
"ဟဲလို ကိုကြီး"
"အရူးလေးကိုတွေ့ပြီလား"
"တွေ့ပြီ "
"တော်သေးတာပေါ့ ဘယ်မှာတွေလာတာလဲ"
"ပန်းခြံမှာ"
"တစ်ခုခုထိခိုက်မိသေးလား"
"လက်ကိုတစ်ယောက်ယောက်ကတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတယ်ထင်တယ် လက်ကောက်ဝတ်မှာနီရဲနေတာပဲ"
"ဟုတ်လား"
"ကျွန်တော်ပန်းခြံကိုပြန်သွားလိုက်ဦးမယ်။တစ်ခုခုသိရအောင်"
"အရူးလေးကရော"
"အိပ်နေတယ်။မာမီလည်းရှိတယ်လေ"
"ကိုကြီးလိုက်ခဲ့ရဦးမလား"
"ရတယ်။ကျွန်တော်တစ်ယောက်ထဲသွားလိုက်မယ်"
ဇိုးဝီ ဖုန်းချပြီး Sakura park သို့ထွက်သွားတော့သည်။
"ခေါင်းဆောင်...ဒီမှာကျွန်တော်တို့ရှာတွေ့လာတဲ့သခင်လေးရဲ့cctvမှတ်တမ်းတွေပါ"
ရှိန်းဒီပါမောင်နှင့်ဖြိုးပီတိတို့နှစ်ဦး ပန်းခြံထဲဝင်လာသည့်အချိန်မှစ CCTV တွင်ပေါ်လာသမျှနေရာတိုင်း မင်းဒီပါမောင်သေချာလိုက်ကြည့်နေ၏။
"ရှိန်းပြောတဲ့ဖြိုးပီတိဆိုတာ ဒီကောင်လေးများလား"
ထို့နောက် သန့်စင်ခန်းရှေ့တွင် ရှိန်းမတ်တပ်ရပ်နေရင်း အထဲသို့ပြေးဝင်သွားကာ ပြန်ထွက်မလာတော့သည်ကို မင်းဒီပါမောင်သိသော
"ခုနက နေရာကိုပြန်ရစ်။ရှိန်းတို့သန့်စင်ခန်းမလာခင် အရင်ဝင်သွားတဲ့လူတွေထဲကပြန်ထွက်မလာတဲ့လူတွေကိုသေချာကြည့်ထား"
မင်းဒီပါမောင် ပြောသည့်အတိုင်းသူ၏တပည့်များလည်းသေချာပြန်ကြည့်သော အရပ်မြင့်မြင့်ခန္ဓာကိုယ်ထွားထွားဖြင့် လူသုံးဦးဝင်သွားပြီးပြန်ထွက်မလာသေးပဲ ရှိန်းဒီပါမောင်ပြေးဝင်ပြီး အကြာမှပြန်ထွက်လာသည်ကို တွေ့လိုက်ကြရသည်။
"အဲ့သုံးကောင်ကိုဓာတ်ပုံရိုက်သွား။ခုချက်ချင်းရန်ကုန်မြေအနှံ့လိုက်ရှာ။မြို့သစ်ဘက်ကငါတို့နယ်မြေ CCTV ဆီကိုပုံပို့ရှာခိုင်း။ဒီသုံးကောင်ကိုငါနေမဝင်ခင်လိုချင်တယ်"
YOU ARE READING
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romanceဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.