ep 7
ဒေါ်Luna ကျောင်းမှကျောင်းအုပ်ကြီးနှင့်ဖုန်းပြောပြီးသော Royal Boy School သို့ချက်ချင်းလိုက်လာခဲ့သည်။
ကျောင်း၏ရုံးခန်းထဲတွင် ဇိုအီနှင့်မျက်နှာဖူးယောင်နေသောကောင်လေးတစ်ယောက် အတူတူထိုင်နေကြသည်။တစ်ဖက်ထို ထိုကောင်လေး၏မိခင်ဖြစ်ပုံပေါ်သော အမျိူးသမီးတစ်ယောက်ထိုင်နေ၏။
"ဒေါ်Lunaရောက်လာပြီလား ထိုင်ပါဗျာ"
ဒေါ်Luna ဇိုအီ၏ဘေးတွင်သာဝင်ထိုက်လိုက်သည်။
"ဒေါ်Lunaကိုကျွန်တော်ခေါ်လိုက်ရတဲ့အကြောင်းအရင်းကတော့ "
"ဒီကလေးကို ဇိုအီထိုးထားလို့များလားရှင်"
ကျောင်းအုပ်ကြီး၏စကားပင်မဆုံသေး။ဒေါ်Lunaစကားဖြတ်ကာမေးလိုက်သည်။
"ဟုတ်တယ်...ရှင့်သားက ကျွန်မရဲ့သားလေးကိုထိုးလိုက်လို့ ကြည့်ပါအုံးကလေးလားဟင်...ဒီလောက်ကြီးရိုင်းစိုင်းတာတစ်ခါမှမမြင်ဖူးပါဘူး"
ဒေါ်Luna ထိုအမျိူးသမီး၏စကားအားပြန်လည်ချေပပြောဆိုခြင်းမရှိ။
"သား...ဘာလို့သူ့ကိုခုလိုထိုးရတာလဲ"
"သူကကိုယ့်ထက်အငယ်ကလေးတွေဆီက ပိုက်ဆံအတင်းလိုက်တောင်းတယ်မာမီ...ကလေးတွေကိုလည်းမနိုင်ကျင့်တယ်"
"အမယ်လေး...ငါ့သားကလူလိမ်မာလေးပါနော်ဟဲ့ကလေးနင်ငါ့သားကို အပိုဇာတ်ထဲသွင်းထည့်မနေနဲ့"
ဒေါ်Luna လျှပ်တစ်ပြက်မတ်တပ်ထရပ်ကာ
"CCTV ခန်းကိုသွားကြရအောင် ကျောင်းအုပ်ကြီး
သားပြောတာအမှန်ဟုတ်မဟုတ် ကျွန်မသိချင်တယ်""ကောင်းပါပြီဒေါ်Luna ဒီဘက်ကကလေးမိခင်လည်းလိုက်ခဲ့ပါ"
ကျောင်းအုပ်ကြီးရုံးခန်း၏ ဘေးအခန်းသည်CCTVခန်းဖြစ်သောကြောင့် လမ်းတောင်ခပ်များများမလျှောက်လိုက်ရပါ။
"သားပြော ဘယ်နေရာမှာ ကလေးတွေဆီကပိုက်ဆံအတင်းတောင်းတာလဲ"
"ကျောင်းအနောက်ဘက်မှာပါမာမီ"
CCTV များရှေ့တွင်ထိုင်နေသော သူအားဒေါ်Lunaနေရာမှထခိုင်းပြီး မိမိကိုယ်တိုင်ကျောင်းအနောက်ဘက်တွင်တပ်ဆင်ထားသော CCTVများအား စစ်ဆေးသည်။
ESTÁS LEYENDO
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romanceဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.